ထားဝယ်တွင် ပထမဆုံးအကြိမ် သနပ်ခါးအလှပြိုင်ပွဲကျင်းပမည်

0
422

ထားဝယ်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည့် သနပ်ခါးအလှပြိုင်ပွဲ စက်တင်ဘာလ ၂၁ ရက်မှ ၂၂ ရက်အထိ ထားဝယ်မြို့တော်ခန်းမတွင် ကျင်းပ မည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးတာဝန်ခံကိုမိုး(ခ) ဦးလှမြင့်က ပြောသည်။

နိုင်ငံခြားသားများသည် မြန်မာ့ သနပ်ခါးကို စိတ်ဝင်စားလာကြပြီး ထားဝယ်ဒေသတွင် သနပ်ခါးလူးသည့် အလေ့အထများ နည်းပါးလာသည့် အတွက် ဓလေ့ကိုပြန်လည်ဖော်ဆောင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ကိုမိုး က ပြောသည်။

“လောလောဆယ်ကတော့ အသက် ၁၈ နှစ်ကနေ အသက် ၃၀ ကြား ဆိုပေမယ့် အသက် ၁၈ နှစ်မပြည့်လည်း ပြိုင်ဖို့ လူအင်အား အခြေအနေပေါ် မူတည်ပြီး ခွင့်ပြုပေးသွားမယ်” ဟု ကိုမိုးက ဆိုသည်။

ပြိုင်ပွဲတွင် ထားဝယ်ရိုးရာလက် မှုပစ်္စည်းများကို အခမဲ့ လာရောက်ရောင်း ချနိုင်ပြီး ဖျော်ဖြေရေး အစီအစဉ်တွင် ထားဝယ်ရိုးရာ အမျိုးသမီး ယန်းအကကို ပါ ထည့်သွင်း ကျင်းပသွားမည်ဖြစ် ကြောင်း ကိုမိုးက ပြောသည်။

ထားဝယ်လူမျိုးများတွင် ထားဝယ် ရိုးရာယဉ်ကျေးမှု၊ ရိုးရာအ၀တ်အစား၊ ရိုးရာအကများရှိသဖြင့် ပြိုင်ပွဲဝင်မည့် မိန်းမပျိုလေးများကို တင်စားသောအား ဖြင့် ပြိုင်ပွဲကို “ထားဝယ်ရိုးရာမေ သနပ်ခါးအလှပြိုင်ပွဲ”ဟု အမည်ပေး ထားကြောင်း ကိုမိုးက ပြော သည်။

ပြိုင်ပွဲဝင်လျှောက်လွှာများကို စက်တင်ဘာလ ပထမအပတ်မှ စတင် ကာ အမှတ် (၃၂၈-က)၊ ကလောင်ဆွေလမ်း၊ ဇရစ် ရပ်၊ ထားဝယ်မြို့တွင် အခမဲ့ လာရောက် ထုတ်ယူနိုင်ပြီး လူဦးရေများပါက ပထမရက်နှင့် ဒုတိယရက် နှစ်ရက်ခွဲ၍ ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

ပထမဆုကို ငွေကျပ် ၅ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၃ သိန်း၊ နှစ်သိမ့်ဆုကို ငွေကျပ် ၁ သိန်းဖြင့် (၃ဆု) သတ်မှတ်ထားကြောင်း သိရ သည်။

မိုးမြင့်