တောဆင်ရိုင်းငါးကောင်တွင် တည်နေရာပြစက် တပ်ဆင်မည်

0
489

လူနှင့်ဆင် ပဋိပက္ခဖြစ်ပွားမှုများ လျော့ကျစေရန်အတွက် ကရသူရိနှင့် ပြည်ကြီးမဏ္ဍိုင်တို့မှ တောဆင်ရိုင်း ငါးကောင်ကို ဖမ်းဆီး၍ တည်နေရာပြ စက် တပ်ဆင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

တည်နေရာနှင့် အချက်ပြအသံလွှင့် စနစ် တပ်ဆင်ထားခြင်းဖြင့် တောဆင် ရိုင်းများ သွားလာသည့်နေရာများကို ခြေရာခံ သိရှိနိုင်မည်ဖြစ်ပြီး ကျေးရွာ များအတွင်းသို့ ၀င်ရောက်လာပါက လည်း လူနှင့်ဆင် ပဋိပက္ခမဖြစ်ပွားစေရန် အတွက် ကြိုတင်ကာကွယ်နိုင်မည်ဖြစ် ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေး မှူး ဦးဖေချစ်က ပြောသည်။

ယင်းသို့ တပ်ဆင်ရန်အတွက်    အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI) နှင့် တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီး ဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ Smithsonian တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တပ်ဆင်မယ့် ပစ်္စည်းတွေက ရောက် နေပြီ။ ကျွမ်းကျင်တဲ့သူတွေနဲ့ ဆင်တွေ ကို ဖမ်းပြီး တည်နေရာပြစက် တပ်ဆင် ပြီးတာနဲ့ ပြန်လွှတ်ပေးမှာ”ဟု ဦးဖေချစ် က ဆိုသည်။

တည်နေရာပြစက်တပ်ဆင်ထား သည့် တောဆင်ရိုင်းများကို င်္င်္ှု အဖွဲ့၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာန တို့မှ ကွန်ပျူတာစနစ်ဖြင့် စောင့်ကြည့် မည်ဖြစ်ပြီး လူများနေထိုင်သည့် ကျေးရွာ များအနီးသို့ ရောက်ရှိလာပါက အန်္တရာယ် မှ ကြိုတင်ရှောင်ရှားနိုင်ရန် အတွက် ကျေးရွာကိုယ်စားလှယ်များ၊ အုပ်ချုပ် ရေးမှူးများကို ဆောလျင်စွာ အသိပေး နိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့များတွင် လူနှင့် တောဆင်ရိုင်းများ ပဋိပက်္ခဖြစ်ပွားမှု တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာ ပြီး တောဆင်ရိုင်းများကြောင့် လူသေ ဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများအပြင် ဥယျာဉ်ခြံများအား ဖျက်ဆီးခြင်းကို မကြာခဏ ကြုံရသည်။

မိုးမြင့်