ဘုတ်ဖတ် ထမင်းဘူး ပန်းကန်များ မြန်မာနိုင်ငံအနှံ့ ဖြန့်ချိမည်

0
1018

ဒေသအခေါ်ဘုတ်ဖတ်ဟုခေါ်သည့် ကွမ်းသီးပင်ဖက်ကို အသုံးပြု ထုတ်လုပ်ထားသည့် ထမင်းဘူး၊ ပန်းကန် အစရှိသည့် အစားအသောက်ဆိုင်ရာ ပစ္စည်းများကို မြန်မာနိုင်ငံအနှံဖြန့်ချိမည် ဖြစ်ကြောင်း ယင်းပစ္စည်းများကို ထုတ် လုပ်နေသူ ဦးသန်းဇော်ဦးက ပြောသည်။

ယင်းပစ္စည်းများကို ဖြန့်ချိရန်အတွက် ရန်ကုန်မြို့အခြေစိုက် စားသောက်ကုန် နှင့် လူသုံးကုန်ပစ်္စည်းများ ဖြန့်ချိနေ သည့် ကုမ်္ပဏီတစ်ခုနှင့် ငါးနှစ်သက် တမ်းရှိ စာချုပ်ကို ဇူလိုင်လက ချုပ်ဆို ခဲ့ကြောင်း မြိတ်မြို့၊ ပလောက်စုရပ်ကွက် နေ ဦးသန်းဇော်ဦးက ပြောသည်။

ယင်းကြောင့် မြန်မာနိုင်ငံအနှံ ဖြန့်ချိမည့် ပစ္စည်းများကို စက်တင်ဘာ လ ၁ ရက်မှ စတင် ထုတ်လုပ်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပန်းကန်၊ မုန့်ဟင်းခါးခွက်၊ ဟင်းခွက်၊ လေးထောင့်ပန်းကန်၊ ထမင်းဘူး စသည့် ပစ္စည်းရှစ်မျိုးကို ထုတ်လုပ်ဖြန့်ချိမည်ဖြစ် ကြောင်း ၎င်းင်းက ပြောသည်။

“ကုမ္ပဏီက တစ်ဦးတည်းကိုယ် စားလှယ်ပါ”ဟု ဦးသန်းဇော်ဦးက ဆို သည်။

ယင်းပစ္စည်းများကို ရန်ကုန်မြို့တွင် စက်ရုံဖြင့် ထုတ်လုပ်လျက်ရှိပြီး မြိတ်တွင် လည်းထုတ်လုပ်နေကြောင်း ၎င်းထံမှ သိရသည်။

စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီ က တနင်္သာရီတိုင်းမှအပ မြန်မာတစ် နိုင်ငံလုံးကို ဖြန့်ချိမည်ဖြစ်ပြီး တနင်္သာ ရီတိုင်းဈေးကွက်ကိုမူ မြိတ်မြို့ရှိ လုပ်ငန်း ခွင်မှ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ဦးသန်းဇော်ဦးသည် ဘုတ်ဖတ်ဖြင့် အစားအသောက်ဆိုင်ရာပစ်္စည်းများကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်လုပ်ခဲ့ပြီး တစ်နှစ်နီးပါး အကြာတွင် တစ်နိုင်ငံလုံးဈေးကွက်သို့ ဖြန့်ချိမည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ခဲ့ခြင်း ဖြစ်သည်။       

Dawei Watch