တနင်္သာရီတိုင်းအတွင်း ဘက်စုံသားဖွားဆရာမ နှစ်ဆယ်ကျော်ခန့်

0
557

တနင်္သာတိုင်းတွင် ယခုနှစ် သြဂုတ် လအတွင်းက ဘက်စုံသားဖွားဒီပလိုမာ သင်တန်းဆင်း သားဖွားဆရာမ နှစ်ဆယ် ကျော်ကို ခန့်ထားလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်း လစ်လပ်နေသည့် ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် လက်ရှိ ခန့် ထားသည့် ဘက်စုံသားဖွားဆရာမ ၂၃ ဦးကို တာဝန်ချထားမည်ဖြစ်ကြောင်း တိုင်းသေကြီး ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနရှိ သူနာပြုဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက ဆိုသည်။

လက်ရှိခန့်ထားသည့် သားဖွား ဆရာမအများစုမှာ မြိတ်၊ ပဲခူး၊ ပြည်၊ တောင်ငူ အစရှိသည့် မြို့များရှိ သားဖွား သင်တန်းကျောင်းများမှ ဘက်စုံသား ဖွား ဒီပလိုမာသင်တန်းဆင်းများဖြစ် ကြောင်း ၎င်းင်းက ပြောသည်။

“လစ်လပ်နေရာအပေါ်မူတည်ပြီး ချပေးတယ်၊ သားဖွားဆရာမ မရှိတဲ့နေ ရာတွေကို”ဟု သူနာပြုဌာနမှ လ/ထ ညွှန်ကြားရေးမှူးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း စုစုပေါင်း သားဖွားဆရာမ ၄၀၀ ဦး ခန့်ထားခွင့် ပြုထားပြီး လက်ရှိတွင် ၃၇၄ ဦးခန့် ထားပြီးဖြစ်ကာ ဌာနနှင့်ကင်းကွာ နေ သည့် သားဖွားဆရာမ ၅ ဦးခန့်ရှိနေ ကြောင်း ၎င်းင်းက ပြောသည်။

ဝေးလံခက်ခဲသည့် ဒေသများတွင် တာဝန်ကျနေသည့် သားဖွား ဆရာမ အချို့က ဌာနနှင့်ကင်းကွာမှုများရှိပြီး ဒေသခံအချို့က ကူညီစောင့်ရှောက်မှု၊ ပူးပေါင်းဆောင်ရွက်မှု နည်းပါးကြ ခြင်းကြောင့် ဖြစ်ကြောင်း သူနာပြုဌာန ထံမှ သိရသည်။

ကိုဇော်