မော်ရှည်ကုန်းရပ်ကွက် စည်ပင်အမှိုက်ကန်တွင် အမှိုက်ကို စနစ်တကျ မစွန့်ပစ်ဟုဆို

0
393

သရက်ချောင်းမြို့ မော်ရှည်ကုန်း ရပ်ကွက်ရှိ စည်ပင်အမှိုက်ကန်တွင် သတ်မှတ်ထားသည့်နေရာတွင် အမှိုက် ကို စနစ်တကျ မစွန့်ပစ်ကြဟု မော်ရှည် ကုန်းရပ်ကွက်နေထိုင်သူအချို့ထံမှ သိရ သည်။

သရက်ချောင်းမြို့နယ် စည်ပင် ဧရိယာမှ အမှိုက်သိမ်းယာဉ်များနှင့် ပုဂ္ဂလိ ကအမှိုက်သိမ်းယာဉ်များအပြင် သရက်ချောင်း တစ်မြို့လုံးမှ ထွက်ရှိသည့် အမှိုက် များကို မော်ရှည်ကုန်းရပ်ကွက်ရှိ အမှိုက် ကန်တွင် လာရောက်စွန့်ပစ်ကြသည်။

စည်ပင်မှအမှိုက်သိမ်းကားများမှာ စနစ်တကျပစ်ကြသော်လည်း ပုဂ်္ဂလိက အမှိုက်သိမ်းကားများမှာ သတ်မှတ်ထား သည့် အမှိုက်ကန်နားထိရောက်အောင် မပစ်ကြဘဲ နီးရာနေရာတွင် စည်းကမ်း မဲ့စွန့်ပစ်ထားမှုများကြောင့် အမှိုက် ကန်မှာ မြင်မကောင်းအောင်ဖြစ်နေ သည်ဟု မော်ရှည်ကုန်းရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးနေ၀င်းက ပြောသည်။

မိုးရာသီတွင် အမှိုက်သိမ်းယာဉ် များသည် ဗွက်နစ်မည်စိုးသဖြင့် အမှိုက် ကန်နားထိ ရောက်အောင်မသွားကြဘဲ နီးရာနေရာတွင် စွန့်ပစ်ကြသဖြင့် အမှိုက်များပြန့်ကျဲလာပြီး အနီးဝန်းကျင် ရှိနေအိမ်အချို့မှာ အနံ့အသက်ဆိုးများကို ခံစားနေရကြောင်း ၎င်းင်းကပြောသည်။

အမှိုက်များမြင်မကောင်းအောင် ပြန့်ကျဲလာပြီး များပြားလာသည့်အခါ များတွင် မြို့နယ်စည်ပင်သို့ သွားရောက် အကြောင်းကြား ပေးလိုက်သည့်အခါ  ဘတ်ဟိုးဖြင့် အမှိုက်ကန်အတွင်း သို့ လာရောက် တွန်းချပေးသည်ဟု ဆိုသည်။

မိုးရာသီတွင် အမှိုက်ကန်ထိ ဆင်း ပစ်မရဘဲ ဗွက်များနစ်နေသဖြင့် ပုဂ်္ဂလိ က အမှိုက်ပစ်သူများသည် အမှိုက်ကန် သို့ သွားသည့် လမ်းများတွင်ပစ်ကြပြီး အမှိုက်များလာပါက ဌာနမှ ဘတ်ဟိုးဖြင့် အမှိုက်ကန်အတွင်းသို့ တွန်းချပေး လိုက်သည်ဟု သရက်ချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးတင်ဆွမ်က ပြောသည်။

“မိုးတွင်းဆို အမှိုက်ကန်နားထိ ဆင်းလို့မရဘူး၊ လမ်းကဆိုးနေပြီ။ ဆင်း လို့မရတော့ အမှိုက်ကန်ကိုသွားတဲ့လမ်း မှာပဲ ပစ်ကြတယ်၊ ပစ်တယ်ဆိုတာလည်း အများပြည်သူသွားတဲ့ လမ်းမှာ ပစ်နေ ကြတာမဟုတ်ဘူး၊ အဲ့လိုပစ်လို့လည်း အများပြည်သူကို ဘာမှ ထိခိုက်သွားတာ မရှိဘူး”ဟု ဦးတင်ဆွမ်က ဆိုသည်။

မြို့နယ်စည်ပင်မှ အမှိုက်သိမ်း ယာဉ်များကို စနစ်တကျပစ်ရန် ပြောဆို ထားသော်လည်း ပုဂ်္ဂလိက အမှိုက်ပစ် သူများမှာ နီးရာနေရာတွင် စွန့်ပစ်ကြ သဖြင့် ၎င်းတို့ကို စောင့်ကြည့်ပြောဆိုရန် လည်း ဌာနမှ ၀န်ထမ်းမချထားပေးနိုင် သေးဟု ၎င်းက ပြောသည်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျတ်အခြေနေပေါ်မူတည်၍ အမှိုက်ကန်ကို ပြုပြင်သွားမည် ဖြစ် ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မိုးမြင့်