အညာဖျားတွင် ရေလှောင်တမံ တည်ဆောက်၍ သောက်သုံးရေပေးဝေမည့်လုပ်ငန်း ဒေသခံများသဘောတူက လုပ်သင့်သည်ဟု တိုင်းလွှတ်တော် မှတ်ချက်ပြု

0
557

ထားဝယ်မြို့နယ်အတွင်းရှိ အညာ ဖျားကျေးရွာတွင် ပုဂ္ဂလိကကုမ္ပဏီက ရေလှောင်တမံတည်ဆောက်၍ မြို့နယ် သုံးခုကို သောက်သုံးရေပေးဝေမည့် လုပ်ငန်းကို ဒေသခံများ သဘောတူပါ က လုပ်သင့်ကြောင်း တနင်္သာရီတိုင်း လွှတ်တော်က သဘောထားမှတ်ချက်ပေး ခဲ့သည်။

အဆိုပါရေလှောင်တမံမှ ထားဝယ်၊ လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့ နယ်တို့ကို သောက်သုံးရေ ဖြန့်ဖြူးပေးမည့် စီမံကိန်း ဖြစ်သည်။

Ya Mi Co.Ltd & ST ELECCOM Co.Ltd က အထက်ပါစီမံကိန်းအား ဖြစ်မြောက်နိုင် စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရေး လုပ်ငန်းကို နှစ်ကြိမ်ဆောင်ရွက်ပြီးဖြစ် ကြောင်း တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

အဆိုပါစီမံကိန်းအား တိုင်းဒေသ ကြီးလွှတ်တော်၏ သဘောထားရယူရန် တိုင်းအစိုးရဖွဲ့က ညှိနှိုင်းလာခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက်္ကဋ္ဌ ဦးကြည်စိုးက ဆိုသည်။

ထိုကြောင့် စီမံကိန်း အကောင် အထည်ဖော်မည့် ကုမ်္ပဏီတာဝန်ရှိသူ များက စက်တင်ဘာလ ၉ ရက်က တိုင်းဒေသကြီးလွှတ်တော်တွင်လာရောက်  ရှင်းလင်းခဲ့ကြောင်း ၎င်းက ပြော သည်။

ထိုနောက်တိုင်းဒေသကြီးလွှတ် တော်က အဆိုပါ ကုမ်္ပဏီက သောက် သုံးရေဖြန့်ဝေမည့် မြို့နယ်သုံးခုရှိ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ များကို ပွင့်လင်းမြင်သာစွာ အသိပေး ရှင်းလင်းခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်၍ သဘောတူညီမှု ရယူ ခြင်း၊ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူ များက သဘောတူထောက်ခံခြင်း၊ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် လူမှုစီးပွားဘ၀အား ထိခိုက်ပျက်စီးမှုတတ်နိုင်သမျှမရှိခြင်း အစရှိသည့်အချက် များနှင့် ပြည့်စုံပါက သဘောတူကြောင်း သဘောထားပြန်ကြားမည်ဟု ဦးကြည်စိုး က ဆိုသည်။

“သဘောထားမှတ်ချက်ကို ဒီအပတ် ထဲမှာပဲ ပေးဖို့ရှိတယ်”ဟု ဦးကြည်စိုးက ပြောသည်။

Ya Mi Co.Ltd & ST ELECCOM Co.Ltd က ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ထားဝယ်ခရိုင် အတွင်း ဆန်းစစ်လေ့လာမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး လုပ်ငန်းစီမံကိန်း ကနဦး လေ့လာဆန်းစစ်ခြင်းအစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ထံ တင်ပြ ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။

Dawei Watch