ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း (၉-၉-၂၀၁၉ မှ ၁၅-၉-၂၀၁၉ ထိ)

0
863

တနင်္ဂနွေ

စိတ်သစ်လူသစ်ကဲ့သို့ လန်းဆန်းတက်ကြွနေမည်။ ၀င်ငွေကောင်းသောကာလ ဖြစ်နေမည်။ ဘာပဲလုပ်လုပ် အစစအရာရာ အဆင်ပြေမည်။ သို့သော် စကားအပြောအဆို မှားခြင်းဖြစ် တတ်သည်မို့ အထူးသတိထားရမည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်က ယခုကာလသတိ ထားသင့်သည်။ ဆွေမျိုးသားချင်းများနှင့် ပတ်သက်၍ စိတ်ပင်ပန်းရတတ်သည်။ မေတ္တာရေး သည်ကား ချစ်သူက သင့်မေတ္တာကို လက်ခံပါလိမ့်မည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ အဖြူရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ လိမေ်္မ်ာရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၂၊ ၆၊ ၇ ပါသောဂဏန်းများ

ယတြာ                               – ပရဟိတကျောင်းများ၌ အလှူငွေ ပါဝင်ပါ။

တနင်္လာ

လူမျိုးကွဲတို့၏ ကူညီမစမှု ခံရမည်။ ၀န်ထမ်းစာမေးပွဲ၊ အလုပ်စာမေးပွဲများ အဆင်ပြေမည်။အကြံကောင်းတစ်ခုကြောင့် အဆင်ပြေချောမွေ့မည်။ သို့သော် လုပ်ငန်းထဲ၌ လူကြီး အထင် လွဲခံရတတ်၏။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှစ်ဦးကြားချစ် မေတ္တာကြိုးများ ခိုင်မြဲနေမည်။

အကျိုးပေးသော အရောင်         – ရွှေအိုရောင်၊ ဇီးရောင်

အကျိုးမပေးသော အရောင်       – ဗေဒါရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၄၊ ၇၊ ၈၊ ၁ပါသော ဂဏန်းများ

ယတြာ                                – ကြက်မောက်သီးကို အစေ့များဖယ်ထုတ်ပြီးမှ အသားသက်သက် ဘုရားကပ်လှူပါ။

အင်္ဂါ

ငွေကြေးများစွာ ၀င်လာမည့်ကာလ ဖြစ်သည်။ မင်္ဂလာသတင်းစကား ကြားရမည်။ နာရီ (သို့) ဆုတံဆိပ် တစ်ခုခု ၀င်မည်။ ပညာရေး ကောင်းပါမည်။ ရွှေထည်ပစ်္စည်းထွက်ခြင်း(သို့) တယ်လီဖုန်းတစ်ခုပျက်ခြင်း၊ ပြုတ်ကျခြင်း ဖြစ်တတ်သည်။ ကျန်းမာရေး စိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား အိုကေ၍ စိုပြေနေမည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမေ်္မ်ာရောင်

အကျိုးပေးသော ဂဏန်းများ      – ၄၊ ၀၊ ၇၊ ၉ ပါသော ဂဏန်းများ

ယတြာ                               – နှင်းဆီအ၀ါ(၇)ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး

လုပ်ငန်းထဲ၌ စိတ်ပင်ပန်း ရတတ်သည်။ ဆွေမျိုးသားချင်းများ ကူညီမစမှု ခံရမည်။ မိမိရောင်းမည့်ခြံ၊ လယ်များ ထွက်မည်။ ဈေးဆိုင်ဖွင့်ခြင်း လုပ်ငန်းများ ကောင်းသည်။ ယခုလ၌ ဓာတ်မီးများ မ၀ယ်ပါနှင့်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူကို မျှော်တော်ယောင်ဘ၀က မလွတ်သေးပါ။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမေ်္မ်ာရောင်

အကျိုးပေးသော ဂဏန်းများ      – ၃၊ ၆၊ ၉ ပါသော ဂဏန်းများ

ယတြာ                               – ဂန္ဓမာအဖြူတစ်စည်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး

အလှူအတန်း ပြုရတတ်သည်။ ငွေကြေးများစွာ ၀င်လာမည်။ ပညာရေးကိစ်္စ ကောင်းမွန်သည်။ ခရီးဝေးများ သွားရမည်။ ဒူးနာခြင်း၊ တံတောင်ဆစ်နာခြင်း ဖြစ်တတ်သည်။ ဘာပဲလုပ် လုပ် လုပ်ငန်းများ အောင်မြင်မည်။ မေတ္တာရေးသည်ကား နီးလျက်နဲ့ ဝေးနေရတတ်သည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၄၊ ၀၊ ၉ ပါသော ဂဏန်းများ

ယတြာ                                – သစ္စာပန်းတစ်စည်း ဘုရားပန်းကပ်လှူပါ။

သောကြာ

သင်မြှောက်စားခံရမည့်ကာလ ဖြစ်သည်။ လှပသော လူသုံးကုန်ပစ်္စည်းများ ၀င်မည်။ သင်သည် လုပ်ငန်း လုပ်ရန်ဆန်္ဒရှိက ယခုအချိန်သည် အကောင်းဆုံးဖြစ်သည်။ ပညာရေး ကောင်းပါသည်။ အရေးတကြီး ပြောဆိုရမည့်ကိစ်္စများ အောင်မြင်မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ်္တာရေးသည်ကား ချစ်သူနှင့် စိတ်ကောက်ရတတ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – လိမေ်္မ်ာရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၆၊ ၇၊ ၁၊ ၉ ပါသော ဂဏန်းများ

ယတြာ                               – သစ်ခွပန်း ဘုရားတွင် ကပ်လှူပါ။

စနေ

လုပ်ငန်းထဲ၌ စိတ်မကြည်မလင် ဖြစ်ရတတ်သည်။ တယ်လီဖုန်းဝင်မည်။ ပရိဘောဂပစ်္စည်းများ ၀င်မည်။ ရပ်ဝေးဧည့်သည်များ မိမိထံလာမည့် ခရီးသွားရမည့်ကာလ ဖြစ်သည်။ ပညာရေး ကတော့ သာမန်ထက်ပိုကြိုစားရန် လိုအပ်သည်။  အာရုံကြောအားနည်းတတ်သည်။ မေတ္တာရေးသည်ကား အိပ်မက်ဆိုးများ မက်တတ်သောကာလ ဖြစ်၏။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – ရွှေအိုရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၃၊ ၆၊ ၉ ပါသော ဂဏန်းများ

ယတြာ                                – ရွှေသင်္ကန်းအတွက် ရည်စူးဘုရားကပ်လှူပါ။

                                                 လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                  ဝေဒလက္ခဏသုတေသီ