လူမှုတရားမျှတမှု ရှာပုံတော်

0
638

မျှော်လင့်ခြင်း ခရီး

ဘန်ကောက်မြို့ကို ခရီးစဉ် မစတင်မီ ကတည်းက ခမောင်းသွယ်သားတို့ ရင်ခုန် နေကြတယ်။ စိတ်လှုပ်ရှားနေကြတယ်။ နောက်ပြီး စိုးရိမ်ပူပန်မှုနဲ့ ဝေခွဲမရမှုတွေ လည်း သူတို့ရင်မှာ အပြည့်။ ဘိုးဘေး အစဉ်အဆက် လှုပ်ရှားသွားလာ စိုက်ပျိုး လုပ်ကိုင်စားသောက်လာကြတဲ့ သူတို့ ဒေသကို ခဏလောက်ဖြစ်ဖြစ်တောင် သူတို့ မခွဲလို။ နောက်ပြီး အိမ်ကို ခွာ၊ ဝေးမြေရပ်တစ်ပါး ခရီးသွားဖို့ သူတို့မလုပ် လိုကြ။

၂၀၁၀ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ တွေ နောက်ပိုင်း သူတို့ လူမှုဘ၀တွေ ပိုမို အဆင်ပြေလာကြဖို့ ထားဝယ်မြို့ အရှေ့ ဘက် တစ်ကြော (အရှေ့တော) တစ်ခွင် က ကရင်လူမျိုးဌာနေတိုင်းရင်းသားတွေ အပါအ၀င် ပြည်သူအများ မျှော်လင့်ချက် ကြီးခဲ့ကြတယ်။ အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ် တနင်္သာရီရိုးမ တစ်ကြော မှာ ခြေကုပ်ယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ မြန်မာအစိုးရတို့ အကြား ၂၀၁၂ ခုနှစ် အပစ်ရပ်စာချုပ်ချုပ် ဆိုလိုက်ပြီးတဲ့အချိန်မှာ သူတို့ မျှော်လင့် ချက်တွေ ပိုမိုခိုင်မာလာခဲ့တယ်။ ကာလ ရှည်ကြာ ပြည်တွင်းစစ်ကြောင့် နေရပ် စွန့်ခွာသွားရသူတွေ ပြည်တော်ပြန်နိုင်ရေး မျှော်လင့်ချက် ရောင်ခြည်ဟာ အရုဏ်တက် နေဦးလို ထွန်းပလာတယ်။

၂၀၀၈ ခုနှစ်ကတည်းက မြန်မာစစ် တပ်နဲ့ ထိုင်းနိုင်ငံ အီတာလျံ ထိုင်းကုမ္ပဏီ တို့အကြား နားလည်မှုစာချွန်လွှာရေးထိုး ခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ် စီမံကိန်းဖြစ်တဲ့ နယ်စပ်ဖြတ် ကျော်လမ်းမကြီး စီမံကိန်းအတွက် ကနဦး ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ဌာနေ ပြန်လာမယ့် တိုင်းရင်းသားတွေအတွက် ရင်မောစရာတွေ ဖြစ်စေခဲ့တယ်။ 

“ကျွန်တော်တို့ဟာ ဖွံ့ဖြိုးရေးစီမံ ကိန်းတွေကို ကန့်ကွက်နေတာ မဟုတ် ပါဘူး၊ ကျွန်တော်တို့လိုချင်တဲ့ ဖွံ့ဖြိုးရေး ဟာ ကျွန်တော့်တို့ မိသားစုကို ငြိမ်းချမ်း မှုပေးနိုင်ရမှာ ဖြစ်သလို ကျွန်တော်တို့ ဒေသကိုလည်း ငြိမ်းချမ်းမှုကိုဆောင်ယူ လာပေးမယ့်ဖွံ့ဖြိုးရေးမျိုးပါ”လို့ ခမောင်းသွယ်ဒေသ ဌာနေတိုင်းရင်းသားကိုယ်စား လှယ်တွေက တညီတညွတ်တည်း ပြောဆို ကြတယ်။

လေယာဉ်ပြတင်းပေါက်ကို ဖြတ် သန်းပြီးမြင်နေရတဲ့ တိမ်မည်းညိုတွေကို ဦးရဲအောင် ငေးငေးရီရီ ကြည့်နေတယ်။ လင်းလက်ခြင်း ရောင်ခြည်တွေ ဘယ်မှာ များ ပုန်းလျှိုးနေကြသလဲလို့များ သူတွေး နေလေရော့သလား။ ဘန်ကောက်မြို့ကို လေယာဉ် ဆင်းသက်တော့မယ်လို့ လေယာဉ် မယ်တွေ ကြေညာအပြီး သိပ်မကြာခင်မှာပဲ များပြားလှတဲ့ နီယွန်မီးရောင်တွေကို သူ စမြင်ရတယ်။ လေယာဉ်ပြတင်းပေါက်ကို ဖြတ်ပြီး သူ မြင်ရသမျှဟာ ထိန်ထိန်ညီး လို့။ မီးပင်လယ်ကြီးအပေါ် ဖြတ်ပျံနေရဘိသည့်အလား။

အတိတ်ဒဏ်

မီးရောင်ထိန်ထိန်တွေမြင်ရတော့ ဦးရဲအောင်စိတ်ထဲ မျှော်လင့်ခြင်းတွေ ပြန်လည်လင်းလက်လို့ လာတယ်။ သူအပါ အ၀င် ဒေသနေ ဌာနေတိုင်းရင်းသားတွေရဲ့ ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ပြန်လည် ကုစားနိုင်မယ့် နည်းလမ်းတွေကို ဆယ်စုနှစ် တစ်ခုကြာပြီးတဲ့အထိ သူတို့ ဆက်လက် ရှာဖွေနေဆဲမို့လား။ ၂၀၁၀ ခုနှစ် အီတာလျံ ထိုင်းကုမ်္ပဏီက ထိုင်းနိုင်ငံ ဖူနရွမ်ကနေ ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆက်သွယ် မယ့် ကန်ချနဘူရီ-ထားဝယ်လမ်းပိုင်းကို ဖောက်လုပ်ခဲ့စဉ်က အဖြစ်အပျက်တွေဟာ ဦးရဲအောင်ရဲ့ အာရုံထဲမယ် ဓာတ်ပုံရိုက် ထားသလို ရှင်းရှင်းပြတ်ပြတ်ကြီးပေါ်နေ ဆဲ။ ဘာမှ ကြိုတင် အသိပေး အကြောင်း ကြားခြင်း မရှိဘဲ ဒေသနေပြည်သူတွေရဲ့ စိုက်ခင်းတွေအထဲ မောင်းဝင်လာတဲ့ ဘူဒိုဇာတွေ၊ သူအမြတ်တနိုး စိုက်ပျိုးထား         တဲ့ ဒေသနေပြည်သူတွေရဲ့ အသက်လို့ လည်းပြောလို့ရနိုင်တဲ့ ကွမ်းသီးစိုက်ခင်း တွေကို တူးဆွ ထိုးကော်သွားတဲ့ မြေတူး စက်ကြီးတွေ။

လမ်းအူကြောင်းကြီးထိုးသွားပြီး လူထုလှုပ်ရှားမှုတွေ အုံးအုံးကျွက်ကျွက် ဖြစ်ပြီးမှ နစ်နာမှုတွေအတွက် သီးနှံ လျော်ကြေး ရခဲ့သူတွေရှိသလို မရသူတွေ လည်း ဒုနဲ့ဒေး။ နစ်နာမှုနဲ့နစ်နာမှုအတွက် ပေးလျော်မှု မမျှမတဖြစ်တာကြောင့် လျော် ကြေး နစ်နာကြေးရယူဖို့ ငြင်းခဲ့သူတွေ လည်း မနည်း။ ပိုဆိုးတာက ဘယ်လောက်                                                                                                              ဆုံးရှုံးသွားလို့ ဘယ်နှုန်းနဲ့ ဘယ်လောက် ပေးတယ်ဆိုတာကိုတောင် ပြည်သူတွေ လိပ်ပတ်လည်အောင် မရှင်းပြခဲ့ကြ။ အဆိုးဆုံးကတော့ ဒေသနေပြည်သူတွေ နားမလည်နိုင်တဲ့ စာချုပ်တွေကို လက်မှတ် ထိုးလိုက်ကြရတာပါပဲ။

“လူကြီးမင်းတို့က လမ်းအဆင့်မြှင့် တင်မယ့် စီမံကိန်းကို ငွေချေးပေးမယ်လို့ ကျွန်တော်တို့ သိရတယ်။ လူကြီးမင်းတို့ကို ကျွန်တော်တို့ မေတ်္တာရပ်ခံလိုတာက ဒီလမ်းစဖောက်စဉ်က နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုတွေအတွက်ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြပေးဖို့ပါ” လို့ ခမောင်းသွယ်ဒေသ လူထုကိုယ်စားလှယ် တွေက အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးမှု အကူအညီပေးရေး အေဂျင်စီ KNU ကို အကူအညီတောင်းခဲ့ကြတယ်။

၂၀၁၃ ခုနှစ် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံကိန်းတွေ ရပ်တန့်သွားပြီး ကတည်းက မြေပြင်မှာဖြစ်ပေါ်နေတဲ့ အကြောင်းကိစ်္စတွေကို ဘယ်သူက ဘယ် နည်းဘယ်ပုံ တာဝန်ယူမလဲဆိုတာ ရှင်း ရှင်းလင်းလင်းမရှိတော့ပါဘူး။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ထိုင်းအခြေစိုက် အီတာလျံထိုင်း ကုမ်္ပဏီ တို့ ၂၀၀၈ခုနှစ် ဇွန်လမှာ နားလည်မှု စာချွန်လွှာရေးထိုးပြီး ၂၀၁၀ ခုနှစ် နှောင်း ပိုင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို မြေပြင်တည်ဆောက်ရေးလုပ် ငန်းများတွေ စခဲ့ကြခြင်း ဖြစ်တယ်။ စီမံကိန်းတည်ဆောက်စဉ်က မြေယာ အတင်းအဓမ်္မ သိမ်းဆည်းမှုတွေ၊ ဌာနေ  တိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်း                                                                                                      ကျောင်း ထိခိုက်မှုတွေနဲ့ သဘာဝပတ်ဝန်း ကျင်နဲ့ မြစ်ချောင်း ပျက်စီးမှုတွေ ဖြစ်ပေါ်  ခဲ့တယ်။

ပွင့်လင်းမြင်သာမှု အားနည်းခြင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းတွေ ကြောင့်လည်း အခြေအနေကို ပိုမိုးဆိုးဝါး စေခဲ့တယ်လို့ သုတေသန တွေ့ရှိချက်တွေ က အခိုင်အမာ ထောက်ပြကြတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာ အီတလျံ ထိုင်း ကုမ်္ပဏီထံက စီမံကိန်း လုပ်ပိုင်ခွင့် ကို  မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့က လွှဲပြောင်း ရယူခဲ့ပြီး စီမံကိန်းကို ပူးတွဲ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ကြ တယ်။

သို့ပေမယ့်  ကာလရှည်ကြာ ဖြစ်ပေါ်နေ  တဲ့ ဒေသနေပြည်သူလူထုရဲ့ ထိခိုက်မှု တွေကို ဖြေရှင်းဖို့ ဘယ်သူမှ တာဝန်ယူ ပါတယ်လို့ ထုတ်မပြောလာတာဟာ  ကားလမ်းဖောက်လုပ်ရေး စီမံကိန်းကြောင့် ထိခိုက်မှုများခဲ့ရတဲ့ ထီးခီးမှ ကလုံးထာ အထိ ကျေးရွာပေါင်း ၁၀ ကျော်က လူထု အများအတွက် စိတ်ပျက် အားလျော့လာ စေတယ်။

၂၀၁၅ ခုနှစ်မှာ ဂျပန်နိုင်ငံက ထား ၀ယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စိတ်ဝင်စားမှု ပြသခဲ့ပြီး ဒေသနေပြည်သူ အများစုဟာ ဂျပန်ဝင်လာရင် အရာရာ ကောင်းသွားမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ၎င်းတို့ကိုယ်တိုင် မွေးဖွားလိုက်ကြပြန် တယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကနေ ထိုင်းနိုင်ငံနယ်စပ် ဘန်ပူနမ်ရွန်အထိ ၁၃၈ ကီလိုမီတာရှည်လျားတဲ့ အဝေးပြေး လမ်းမကြီးဟာ  ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့  အစိတ်အပိုင်းတစ်ခု တယ်လို့ ဒေသနေပြည်သူလူထုတွေ သဘောပေါက်ထားကြတယ်။

ဒါပေမယ့် ဒီလမ်းပိုင်းဟာ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ မပတ်သက် ဘဲ မြန်မာအစိုးရက သီးခြားအကောင် အထည်ဖော်မယ့် စီမံကိန်းတစ်ခုဖြစ်တယ်                               လို့ NEDA ဒု-ဥက္ကဋ္ဌက ဘန်ကောက်မြိ့ သူ့ရုံးခန်းမှာ သွားရောက်တွေ့ဆုံတဲ့   ခမောင်းသွယ်ဒေသ  လူထုကိုယ်စားလှယ် တွေကို ပြောလိုက်ခြင်းက ဌာနေတိုင်းရင်း သားကိုယ်စားလှယ်တွေကို ဝေခွဲမရမှုတွေ                                                                                                        ဖြစ်ပေါ်စေခဲ့တယ်။

လက်ရှိတည်ဆောက်ပြီးဖြစ်တဲ့  နှစ်လမ်းသွား မြေသားလမ်းကို ၂၀၁၀ ခုနှစ်မှာ  အီတာလျံထိုင်းကုမ်္ပဏီက တည်  ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ် စီမံကိန်း ရပ်တန့်သွားခဲ့ပြီးနောက် အဲဒီလမ်းရဲ့ ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အီတာလျံထိုင်း ကုမ္ပဏီက ဆက်လက် တာဝန်ယူ လုပ်ကိုင်နေခဲ့တာ ဖြစ်တယ်။ ဒါဟာ ဒီလမ်းက အထူးစီးပွား ရေးဇုန်နဲ့ တိုက်ရိုက်ပတ်သက်တယ်ဆိုတာကို ရှင်းရှင်းကြီး သိစေတဲ့ ဥပမာလို့ ဒေသနေ ပြည်သူအများက ယုံကြည်တယ်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး အဆင့် စီမံကိန်းမှာ ပါဝင်တဲ့ ဒီနှစ်လမ်း သွားလမ်းမကြီးကို အဆင့်မြှင့်တင်ဖို့ အိမ်နီးချင်း နိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက် ရေး ကူညီပေးရေး အေဂျင်စီ NEDA ထံကနေ နည်းပညာနဲ့ ငွေကြေးအကူအညီ တွေ ရယူပြီး ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်နေတယ်လို့ ခမောင်းသွယ်လူထု ကိုယ်စားလှယ်တွေ သတင်းစကားကြားရ တယ်။

NEDA ထံကနေ အမေရိကန် ဒေါ်လာ ၁၂၇ မီလျံနဲ့ညီမျှတဲ့ ထိုင်းဘတ် ငွေ ၄.၅ ဘီလျံ ချေးယူပြီး လမ်းပိုင်းကို အဆင့်မြှင့် တင်ဖို့အဆိုကို ၂၀၁၈ ခုနှစ် မတ်လအတွင်းက ပြည်ထောင်စုလွှတ် တော်မှာ မဲခွဲအတည်ပြုလိုက်ပြီးကတည်း က ဒေသနေ ပြည်သူလူထုတွေရဲ့ခေါင်း ထဲကို ၀င်လာတဲ့ မေးခွန်းတွေရှိနေခဲ့တာ ဖြစ်တယ်။

အကယ်၍များ ဒီလမ်းစီမံကိန်းကြီး ပြန်လည်စတင်ရင် ၂၀၁၀ ခုနှစ် လမ်းအူ ကြောင်း စတင်စဉ်က အီတာလျံထိုင်း ကုမ်္ပဏီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြောင့် ထိခိုက်ခဲ့ရပြီး မပြီးပြတ်သေးတဲ့ ပြဿနာတွေကို ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမှာလဲ အစချီတဲ့ မေးခွန်းပေါင်း များစွာဟာ ခမောင်းသွယ် ဒေသနေပြည်သူ များကို အိပ်မက်ဆိုးလို ခြောက်လှန့်နေခဲ့ တယ်။

ဒါကြောင့်လည်း ချေးငွေထုတ်ချေး မယ့် NEDA  အပါအ၀င် ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ အမြင်သဘော ထားတွေကို သိရှိနိုင်ဖို့ ထိုင်းနိုင်ငံက မိတ်ဆွေတွေရဲ့အဆက်အသွယ်နဲ့ ဒီခရီးစဉ် ကို ခမောင်းသွယ်သားတို့ စတင်ခဲ့ကြ တယ်။

အောင်လွင်(ကံပေါက်သား)

ဆက်လက်ဖော်ပြပါမည်