လူမြင်ကွင်းတွင် အပေါ့အလေးစွန့်ခြင်း

0
842
editorial

ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်တွင် ရေးကြသည့် စာသားများကို ဖတ်ပြီး တွေးမိခြင်း ဖြစ်သည်။

သေချာစွာ တွေးကြည့်သည့်အခါ တချို့လူများအတွက် ဖေ့စ်ဘွတ်က စိတ်အိမ်သာတစ်ခုလိုပင်။

စိတ်ထဲ ယိုနေသည်များကို ပါသည့်နေရာဖြစ်သည်။ စိတ်အိမ်သာ တက်ကြ သည်။

တစ်ခု ရှိသည်မှာ သာမန်အိမ်သာကဲ့သို့ ကိုယ့် တစ်ကိုယ်ရေမဟုတ်ဘဲ လူအများမြင်နေရသည့် အိမ်သာဖြစ်သည်။

ဖေ့စ်ဘွတ်၏ အများမြင်နိုင်သည့်သဘောကို သိလျက်နှင့်ပင် စိတ်အိမ်သာ တက်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် စိတ်အပေါ့အလေး စွန့်ကြသည်။

သာမန်အားဖြင့် အပေါ့အလေးစွန့်သည့် ကိစ်္စများကို လူအများမြင်ရသည့် နေရာ၊ လူမြင်ကွင်းတွင် ပြုလုပ်လေ့ မရှိ။ ပြုလုပ်ရန် ၀န်လေးကြသည်။

သို့သော် ဖေ့စ်ဘွတ်ပေါ်တွင်မူ ပျော်ပျော်ကြီး လူမြင်ကွင်းတွင် အပေါ့အလေး စွန့်နေကြသည်ကို တွေ့ရသည်။

ယိုသူမရှက်၊ မြင်သူရှက် ဖြစ်ရသည်။ ပါသူမရှက်၊ မြင်သူရှက် ဖြစ်ရသည်။

မိမိ၏ ဖေ့စ်ဘွတ်သုံးသည့် အလေ့အထသည် လူမြင်ကွင်းတွင် အပေါ့ အလေးစွန့်ခြင်းနှင့် တူမတူကို ပြန်လည်သုံးသပ် သတိချပ်စေလိုပါသည်။

အယ်ဒီတာ (သြဂုတ် ၃၁၊ ၂၀၁၉)