အမေ့လျော့ခံများ

0
785

ရင်ထဲ ဆို့နေသော သည်အကြောင်း ကို  ပြောချင်နေတာ ကြာပြီ။ ကျွန်တော် မပြောဖြစ်ခဲ့ပါ။

အကြောင်း တိုက်ဆိုင်လာသည်က တစ်ကြောင်း၊ ကိုယ်တိုင်သည် ယင်း လူတန်းစားထဲက စွန့်ခွာခဲ့ပြီး ပြည်သူစစ်စစ် ဖြစ်နေပြီက တစ်ကြောင်းကြောင့်သာ ယင်းအကြောင်းကို ရင်နင့်စွာ ပြောဆိုလို ပါသည်။

ယင်းလူတန်းစားသည်ကား အမေ့ လျော့ခံ ပြည်သူ့ဝန်ထမ်းဆိုသည့် လူတန်း စားတစ်ရပ် ဖြစ်ပါသည်။

ထိုလူတန်းစားသည်လည်း မမေ့ မလျော့ ပြောင်းလဲလိုချင်ဇောဖြင့် လက် သန်းကို မင်ဆိုးကာ တညီတညွတ်တည်း မဲပေးခဲ့ ကြသည်ဆိုသည်ကိုကား သည်ဘက် တစ်ခေတ်မှာ အသိအမှတ်အပြု မခံရပါ။ သူတို့ ဘ၀နှင့် လုပ်ငန်းခွင်မှ လိုအပ်ချက် တွေကို မဖြည့်ဆည်းပေး၊ လျစ်လျူရှု ပစ်ပယ်ခံရရုံမက အားလုံး၏ အပြစ်ရှာသော သံသယမျက်လုံးဖြင့် အကြည့်ခံရလျက် မကြာခဏ ပြဿနာတွေ အရှာခံနေကြရ၊ လူမှုကွန်ရက်မှ ခြိမ်းခြောက် အသရေ အဖျက်ခံနေကြရ၊ ရံဖန်ရံခါ အသက်ပါ ပေးနေကြရ လေသော ပြည်သူ့ဝန်ထမ်း တို့ပင် ဖြစ်ပါ၏။

ဂုဏ်သိက်္ခာရှိသော ပြည်သူ့ဝန် ထမ်းအလုပ်ကို နောက်ကျောလုံလုံဖြင့် ပြည်သူ့ကို အလုပ်အကျွေးပြုလိုသော ဆန်္ဒဟာ အချို့အချို့ ခံယူချက်ညံ့သော သူအချို့မှအပ ၀န်ထမ်းအများစုမှာ ရှိနှင့် ကြပါသည်။ သို့တစေ ခေတ်နှင့် စနစ်၏ အပြောင်းမှာ ပြောင်းမလာသော အလုံ အလောက် ထောက်ပံ့ပေးသင့်ပါလျက် မပြည့်မစုံ ထောက်ပံ့ပေးသော  ရင်းမြစ်တွေ နှင့် မတန်တဆသော ၀န်ထုပ်ဝန်ပိုးတွေကို သည်ဝန်ထမ်းတွေ ထမ်းမ ထားရသည်။ အခြားတစ်ဖက်မှာ အခက်အခဲ၊ အကြပ် အတည်းတွေကို ခါးသည်းစွာ ရင်စည်း ခံရင်းက ဖြစ်လာသမျှသော ပြဿနာများကို ဖြေရှင်းနေကြရသည်ဆိုလျှင် မမှားချေ။ ပြည်သူကို မျက်နှာမူကြသည့်အခါ သည်ဘက်တစ်ခေတ်မှာ ပြည်သူ့ဝန်ထမ်း တို့ ကြားညှပ်ကာ  အခက်အခဲတွေက ပိုလို့ များပါသည်။ ကိုယ့်လိုဘ မပြည့်တာ တစ်ခုနှင့် တိုင်ပစ်လိုက်မယ်၊ ဖွပစ်လိုက် မယ် ဆိုကာ ဖွကြသည့်အခါ နစ်နာကြရ သူတို့မှာ သည်အမေ့လျော့ခံ ပြည်သူ့ ၀န်ထမ်းတို့သာ။

ပေးထားချက် ပြည့်စုံနေပါမှ ပုစ္ဆာ တစ်ပုဒ်ကို အဖြေရှာလို့ရပါသည်။ ဘယ်ဌာန မှာမဆို လူအင်အား၊ ပစ်္စည်းအင်အားနှင့် ငွေအင်အား ပြည့်စုံနေဖို့ လိုအပ်ပါသည်။

ဆိုပါစို့။ ၀န်ထမ်းဆရာဝန်တစ်ဦး အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည့်အတွက် ဆေးရုံအနေအထားနှင့် သာဓက ပြလိုပါ သည်။ အစိုးရဆေးရုံတစ်ရုံမှာ ရှိသင့် ရှိထိုက်သော လူအင်အား ထက်ဝက် မရှိ ပါ။ ဆေးနှင့် ဆေးပစ်္စည်းကို အပြည့်အ၀ လိုလေသေးမရှိ မထောက်ပံ့ပေးနိုင်ပါ။ ၀န်ထမ်းအတွက် လိုအပ်သော အိမ်ရာ၊ နေရာထိုင်ခင်းမှအစ အရာရာ မပံ့ပိုးနိုင် ပါ။ ဆိုပါစို့။ ဆေးရုံ တစ်ရုံအတွက် မရှိမဖြစ် လိုအပ်သော ဆေးအတွက် အပြည့်အ၀ ပေးကိုပေးရမည့် ဘတ်ဂျက်သည် သန်း နှစ်ထောင် ဆိုပါစို့။ အမှန်အကန် ပေး လာသော ဘတ်ဂျက်သည် သန်းခြောက် ရာခန့်သာ။ သည်အနေအထားမှာ လူနာ အင်အားက ကိုယ့်ဘက်က လက်ခံ တာဝန် ယူ ကုသမှု ပေးနိုင်သော အနေအထား၏ သုံးဆကို တာဝန်ယူ ကုသပေးနေကြရ သည်။

ဝန်ထမ်းအဖို့ ၂၄နာရီ တာဝန်မှ ၄၈ နာရီအထိ တာဝန်ယူကြရသည့် အချိန်တွေ ရှိသည်။ တစ်ဘက်က လူနာတဖြစ်လဲ  ပြည်သူ့အတွက်မူ သည်အနေအထားတွေ သူတို့  မသိကြ။ လူအင်အား၊ ပစ်္စည်းအင်အား အခြေအနေနှင့် တာဝန်ယူတာဝန်ခံ နေကြ ရသော အနေအထားကို သူတို့ နားမလည် နိုင်ကြပါ။ သည်မှာဘက် ဆေးဝန်ထမ်း တို့ကို အကဲဆတ်စွာ ဆက်ဆံ လိုသည်။ တစ်ဘက်မှလည်း အကဲဆတ်နေသည့်အခါ ပြဿနာနှင့် ပွတ်တိုက်မှုတွေ ဖြစ်ကြရ သည်။

သည်ပုစ်္ဆာအတွက် အဖြေ သည်နေ့ အထိ မရှိပါ။ ဂုဏ်သိက်္ခာရှိသော လုပ်ငန်း ခွင် ပျော်ရွှင်စရာကောင်းသော လုပ်ငန်း ခွင် ဖြစ်မလာသလို မိမိတို့ ၀န်ထုပ်ဝန်ပိုး နှင့် လက်သင့်ခံနိုင်သော လူနာကိုသာ ကန့်သတ် ကုသပေးဖို့လည်း မဖြစ်နိုင်ပါ။

အဆိုးဆုံးက အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုသည့် ပေါ်လစီအလွဲကို ပြင်ဆင်ဖို့သတ်္တိ  အစိုးရမှာ မရှိပါ။ သည့် အတွက် လုပ်ငန်းခွင်အတွင်း ပွတ်တိုက် မှုတွေ ဖြစ်လာပါကလည်း သည် မမျှမတ သည့် ၀န်နှင့်ဖိအားကြောင့် ဖြစ်လာကြရ သည်ကို သိပါသော်လည်း အဖြေမရှိပါ။ သည်အနေအထားမှာ ဂုဏ်သိက်္ခာရှိသော၊ ပျော်ရွှင်သော လုပ်ငန်းခွင် ဖြစ်မလာသလို ၀န်ထမ်းအတွက် အာမခံချက် မရှိပါချေ။

အခြားဌာနဆိုင်ရာတွေမှာလည်း ထူးမခြားနားပင်။ ခေတ်အဆက်ဆက်က အခက်အခဲနှင့် အကျပ်အတည်းကို သည် ဘက်ခေတ်မှာ ပြေလည်အောင် မဖြေရှင်း ပေးနိုင်ခဲ့ပါ။ လိုအပ်သော လူအင်အား အပြည့်အ၀ မရှိပါ။ ပစ်္စည်းပစ်္စယနှင့် ငွေ အပြည့်အ၀ မပေးနိုင်ပါ။ ထို့အတွက် ယခင် အစိုးရက ခပ်ရိုင်းရိုင်း ဥပမာ ပြရလျှင် ဘောင်အတွင်းမှ ရှာဖွေသုံးစွဲကြဖို့ တရား မ၀င် ခွင့်ပြုထားခဲ့သည်။ ဆိုလိုတာက ကိုယ့်ဘာသာကိုယ် ဘောင်အတွင်းမှ ရှာဖွေ သုံးကြ ဟူလို။ စနစ်တကျ လုပ်ငန်းခွင်ကို ဖျက်ဆီးခဲ့ကြတာလို့ ဆိုလျှင်လည်းရ သလို အစိုးရဘက်မှ စနစ်တကျ ဖြည့် ဆည်းပေးကြရမည့် လူ၊ ငွေ၊ ပစ်္စည်းအင် အားကို မပေးပါဘဲ မျက်စိမှိတ်ခဲ့ကြ၊ ဘေးပေါက်မှ ဖန်ကာ သုံးတတ်အောင် ခိုင်းစေလျက် အကျင့်ပျက်စေခဲ့ကြပါ သည်။

စနစ်အတွင်း ပြင်ဆင်ကြရမည့် အချို့ အရေးကိစ်္စများကိုလည်း မပြင်ဆင်ခဲ့ကြ ပါ။ ထိုဂယ်ပေါက်များမှ “မည်သို့ပင် ဆိုစေကာမူ”နှင့် “ခြွင်းချက်အားဖြင့်ဆို သော်” တို့ဖြင့် လက်တစ်လုံးခြားပြုကာ လိုအပ်သော အခက်အခဲများကို ပြည်သူ တို့ထံမှ ဖန်တီးကာ ညှစ်ကာ ဖြေရှင်း ကြရပါသည်။ မြေယာ ဥပဒေ၊ အခြား ဥပဒေအများစု အသက်မ၀င်ကြသလို အချို့မှာ နည်းဥပဒေ မပြဋ္ဌာန်း နိုင်ကြသေး။ အချို့ကိစ်္စများကို တရားဝင် ဖြေရှင်းလို့ မရ။ ယင်းအလုပ်များတွင်လည်း သာမန် လမ်းရိုးအတိုင်းသာ လုပ်ပါက အလုပ် လုပ်မရသော အနေအထားတွေမှာ နား လည်မှုနှင့် လုပ်ကြသော အဂတိတရားတွေ ပေါ်လာကြသည်။

အခြားတစ်ခေတ်က လုပ်ရိုးလုပ်စဉ် အတိုင်း သည်ဘက်တစ်ခေတ်မှာလည်း ဆက်ကဲ လုပ်ကိုင်နေကြ ရတာတွေ မရှားပါ။ ကိုယ့်မြို့နယ်မှာ လုပ်ငန်းစစ် ဆင်းလာသော လူကြီးအတွက် သည်ဘက် မှာ ၀န်ထမ်း တည်းခိုရန် အတွက် အဆောင် မရှိ၊ ရှိလည်း မသင့်တော်။ ယခင့်ယခင် ကလို အကောင်းစား ဟိုတယ်တွေမှာသာ ကျွေးမွေးပြုစုကြရသည်။ မတည်းခိုလို၊ မစားလို မသောက်လိုဟု ဘယ်အရာရှိ တွေကမှ မငြင်းကြ။ အကယ်၍သာ အပြု အစု ညံ့ခဲ့ပါမူ ပြဿနာ အရှာခံကြရမည်။ ဆိုသောအခါ ပြုစုကြ။ ဂါရ၀ တရားတွေ က ယခင်အတိုင်း မပျောက်မပျက်။ လူကြီး တွေ ဆိုတာကလည်း ဘယ်နေရာသွားသွား သည်နယ်ခံကသာ အစစအရာရာ တာဝန် ယူကြရသည့် သဘောက လုပ်ရိုးလုပ်စဉ် လို ဖြစ်နေသည်။ ကိုယ့်မြို့ကို အခြေတည် လျက် အနီးအနားမှ မြို့နယ်တွေကို လှည့် လည်ကြရသည့် မြိတ်မြို့လို နေရာမျိုးမှာ အဲသည်စရိတ်က ထောင်းသည်။ ဌာန တစ်ခုအတွက် တရားဝင် ဖော်ပြခွင့်မရသော တစ်နှစ်တာ ကုန်ကျမှုက မနည်းလှပါ။ ဟိုးဘက်ခေတ်မှာတင် မဟုတ်။ သည်ဘက် ခေတ်မှာလည်း သည်နည်း နှင်နှင်။ တရားဝင်အားဖြင့် မပေးရ၊ မကမ်းကြရပါ ဟု စာထုတ်ပြန်ထားသလို အချေကြီးတွေ နှင့် ခပ်ချေချေသာ နေကြသော်လည်း ဂါရဝေါစ၊ နိဝါတောစ ဟု အကြောင်းပြ ကာ ပြုစုနေကြရမြဲသာ။

လူကြီးတွေ ဆိုတာက အခြေအနေ မှန်ကို မသိကြတာ မဟုတ်ကြ။ အခက်အခဲ တွေ ရှိနေတာ သူတို့သိကြသည်။ သည့် အတွက် လာကြ၊ စစ်ဆေးကြသည့်အခါ သူတို့ တိုင်းတာသည့်ပေတံစံက တစ်မျိုး။ သူတို့တွေ နားလည်ပေးနိုင် သဘောထား ကြီးပေးနိုင်ကြသည်က  ပြဿနာ မရှိကြ ပေမင့် တိုင်ကြ တောကြ၊ ပြဿနာတွေ တက်လာကြသည့်အခါ အဲသည် တိုင်း တာသည့်ပေတံ စံက ပြောင်းသွား သည်။ သူတို့ ဂါရ၀ အပြုခံ၊ အပြုစုခံခဲ့ တာတွေ သတိမရကြတော့။ ကိုယ်ဖြစ် ကိုယ်ခံသာ။ စံ ဟု ဆိုရမည့် ပေတံသည် တသမတ်တည်းမဟုတ်တာက သည်ဘက် တစ်ခေတ်ရဲ့ ပြဿနာ။

တစ်ခေတ်က အစိုးရကရော သည် ခေတ် အစိုးရကပါ  ၀န်ထမ်းအတွက် လိုအပ်သော လူအင်အား၊ ငွေအင်အား ပစ်္စည်းအင်အား ပြည့်ဝစွာ မထောက်ပံ့ ပေးနိုင်ကြတာတော့ တူသည်။ မပြည့်မစုံ အနေအထားကသာ တူသည်။  ခိုင်းစေနေ သော မောင်းနှင်နေသော ၀န်ထမ်းဆီမှ ရလိုမှုက သည်ဘက်တစ်ခေတ်မှာ ပိုပါ သည်။

ထို့ပြင် ဟိုမှာဘက် ခေတ်ကလိုပဲ အချို့အရာတွေက ပြောင်းမလာလေသော အခါ သည်ဘက်ခေတ် ၀န်ထမ်းတွေရဲ့ ဂုဏ်သိက်္ခာသည် တက်မလာ။ တစ်ဘက် က အပြစ်ရှာသည့်အခါ ထိုအပြစ်တို့သည် ကွင်းကွင်းကွက်ကွက် ပေါ်လာသည်။ တိုင်ကြတောကြသည့်အခါ  ကြားမှာ ညှပ်ကာ အပြစ်ဖြစ်လာကြ၊ အရေးအရာ ယူ ထိုးကျွေးခံလာကြရသည်။

သည်အခါ တာဝန်မယူရဲ၊ တာဝန် မယူတတ်သော သူတို့က ခပ်တည်တည် ဘူးခံ ငြင်းကွယ်သည်။ ကိုယ်တာဝန်ယူ တာဝန်ခံကြ ရမည့် အနေအထားမှာပင် လျှင် လက်မှတ်သာ ထိုးမိပါသည်။ သေချာ မဖတ်မိပါဟု ငြင်းကွယ် ဘူးဆောင်သည်။ တာဝန်ယူ တာဝန်ခံ တာဝန်သိသူ အချို့ အချုပ်အတန်း အကျခံကာ တာဝန် ခံသွားကြရသလို၊ အချို့က ကိုယ့်ကိုယ် ကိုယ် သတ်သေကာ တာဝန်ယူ တာဝန်ခံ သွားကြသည်။ သည်လို အဖြစ်တွေမှာ ဘယ်သူကမှ ဘယ်အတွက် ဘာကြောင့် ဘယ်လိုဖြစ်ကြရပါသည် ဆိုတာ ဖြေရှင်း မနေသလို သေသူသည်သာ အရာရာ တာဝန်ခံသွားကြရပါ၏။ နိုင်ငံတော်က သေသူ့အတွက် စာတစ်ရွက်တော့ ထည့်ပေး ဖို့ မမေ့ပါ။ အသင်သွားလိုရာ သွားနိုင်ပါ ပြီ ဟူလို။

သည်အနေအထားမှာ မလုပ်မရှုပ် မပြုတ် နေသူတို့အတွက်သာ အေးချမ်း သော်လည်း ဌာနတစ်ခုခုကို တာဝန်ယူ တာဝန်ခံကြ ရသည့်သူတို့အဖို့မှာ တာဝန် တွေ ကြီးလှသည်။ ထို့အတွက် အချို့က လုပ်ငန်းခွင်မှ စိတ်မကောင်းစွာ စွန့်ခွာ ကြသည်။

ပေးထားချက် ပြည့်စုံပါမှ အဖြေရှာ လို့ရပါသည်။ ဘယ်ဝန်ထမ်းမဆို ပြောင်း လဲချင်စိတ် ရင်မှာ ရှိကြပါသည်။ သူတို့ တာဝန်ယူရ၊ တာဝန်ခံကြရသော ဌာနတွေ အတွက် အမှန် ရှိသင့်သော အင်အားတွေ အပြည့်အ၀ ဖြည့်ပေးဖို့လိုအပ်သလို ဂုဏ်သိက်္ခာရှိသော လုပ်ငန်းခွင်အတွက် အမှန် ထောက်ပံ့ပေးကြရ မည့်အရာ တို့ကို အစိုးရဘက်က ဖြည့်ဆည်းပေးပါ မှသာ အဖြေရှိပါလိမ့်မည်။

အပြောင်းအလဲအတွက် တက်ကြွ စွာ မဲပေးခဲ့ကြလေသော သည်ပြည်သူ့ ၀န်ထမ်းတို့သည် အုပ်ချုပ်ရေး ယန်္တရား တွင် အခြေခံအကျဆုံးသော ထောက်တိုင် ဖြစ်ပါသည်။ သည်လူတန်းစားတို့ ရင် မှာ ခံစားနေကြရလေသော အသိအမှတ် မပြု လျစ်လျူရှုကာ ပစ်ပယ်လျက် ပေးထား ချက် မပြည့်မစုံ၊ မရှိကိန်းတွေဖြင့် အဖြေမရှိ သော ပုစ်္ဆာတွေတွက်ကာ အိပ်မက်ဆိုးတွေ မက်နေကြရသည့် အဖြစ်တွေမှ လွန်မြောက် စေလိုလှပါသည်။

ရင်ထဲ တစ်ဆို့နေသော သည် အကြောင်းကို  ပြောချင်နေတာ ကြာပြီ။ကျွန်တော် မပြောဖြစ်ခဲ့ပါ။ အကြောင်း တိုက်ဆိုင်လာသည်က တစ်ကြောင်း၊ ကိုယ်တိုင်သည် မိမိတိုင်းပြည်နှင့် ပြည်သူ အတွက်၊ လူနာတွေအတွက် ဆက်လက် အားထုတ် ကြိုးပမ်းလိုပါသော်လည်း ယင်းအဖြစ်သနစ်များကို ရွံ့မုန်းလာသဖြင့် ယင်း အနှိမ်ခံ အနင်းခံ၊ ထိုးအကျွေးခံ ပြည်သူ့ဝန်ထမ်း ဟူသည့် ဘ၀ကို ရင်နာ စွာ ကျောခိုင်းကာ လွတ်မြောက်လာခဲ့ပြီး လေသော လွတ်လပ်သော ပြည်သူစစ်စစ် ဖြစ်နေပြီက တစ်ကြောင်းကြောင့်သာ အမေ့ အလျော့ခံ လူတန်းစားတို့ အကြောင်းကို ရင်နင့်စွာ ပြောဆိုလိုပါသည်။

ပြည်သူ့ဝန်ထမ်းတို့ ဘ၀နဲ့ အဖြစ် တွေကို မေ့မထားကြစေလိုဟုသာ။

ကိုရိုးဆေး