ရနောင်းဌာနီဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ၊ ဆရာမများ ပြန်လွတ်၊ ကျောင်းများယာယီပိတ် ထားဆဲ

0
979

မြန်မာ-ထိုင်းနယ်စပ်တစ်ခုဖြစ် သည့် ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ရနောင်းဌာနီ ၀ပ်နာမိန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ၊ ဆရာမ မ ၃၀ ကျော်မှာ သြဂုတ်လ ၂၆ ရက်တွင် ပြန်လည်လွတ် မြောက်လာပြီဖြစ်ကြောင်း ယင်းကျောင်း မှ ကျောင်းထိုင်ဆရာတော် ဦးကောသလ္လ က မိန့်ကြားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား များ၏ ကလေးငယ်များကို ပညာသင် ကြားပေးနေသည့် ရနောင်းဌာနီ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းကို သြဂုတ်လ ၂၄ ရက်က ထိုင်းနိုင်ငံ အာဏာပိုင်များက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဆရာတော် ဦးကောသလ္လက မိန့်သည်။

မြန်မာကျောင်းဆရာ၊ ဆရာမများ တွင် ပညာသင်ကြားမှုနှင့်ပတ်သက်သည့် အလုပ်လုပ်ကိုင်ခွင့် (တသမု စနမာငအ) မရှိသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း ဆရာတော် ဦးကောသလ်္လက မိန့်ကြားသည်။

ယင်းကဲ့သို့ မြန်မာဆရာ/မများ ဖမ်းဆီးခံရသည့်အတွက် ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အပါအ၀င် မြန်မာစာသင်ကျောင်း ၁၀ ကျောင်းကျော် ယာယီပိတ်ထားခဲ့ကြပြီး  ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ် သည့် စာရွက်စာတမ်းအချက်အလက်များ ကို ပြည့်စုံအောင်ပြုလုပ်သွားမည်ဖြစ် ကြောင်းဆရာတော်က မိန့်ကြားသည်။

ကျောင်းများမှာ ယာယီပိတ်ထားဆဲ ဖြစ်ကြောင်း ဆရာတော် ဦးကောသလ္လက မိန့်သည်။

“ဘယ်အချိန်ပြန်ဖွင့်မယ်ဆိုတာ မသိ သေးဘူး ကြာဦးမယ်ထင်တယ်”ဟု ရနောင်းဌာနီဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ တတိယတန်းကျောင်းသား တစ်ဦး၏မိခင်က ပြောသည်။

ဖမ်းဆီးခံ ကျောင်းဆရာ၊ ဆရာမ ၃၀ ကျော်သည်  ဒဏ်ကြေးအဖြစ် တစ်ဦး လျှင် ထိုင်းဘတ်ငွေငါးထောင်စီ ပေးဆောင် ခဲ့ရပြီး နှစ်နိုင်ငံချစ်ကြည်ရေးအရ အမှုဖွင့် တရားစွဲမှုမရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

ရနောင်းဌာနီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းသား ကျောင်းသူ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။                  

Dawei Watch