ပိတောက်ရွှေဝါရပ်ကွက်တွင် နိုင်ငံတော်သီချင်း ပြန်ဖွင့်

0
644

ကော့သောင်းမြို့ ပိတောက်ရွှေဝါ ရပ်ကွက်တွင် နိုင်ငံတော်သီချင်း ပြန်ဖွင့် နေပြီဖြစ်ကြောင်း ၎င်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးကျော်သက်နိုင်က ပြောသည်။

၂၀၁၆ ခု နိုဝင်ဘာလမှစ၍ ပိတောက် ရွှေဝါရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တို့တွင် လော်စပီကာ ၆ လုံးဖြင့် နေ့စဉ် နံနက် ၉ နာရီခွဲတွင်တစ်ကြိမ်၊ ညနေ ၄ နာရီခွဲတွင် တစ်ကြိမ် နိုင်ငံတော်သီချင်း နေ့တိုင်း ဖွင့်ခဲ့သည်။

နည်းပညာအခက်အခဲ၊ လျှပ်စစ်မီး အခက်အခဲအရ သီချင်းဖွင့်ချိန်နောက် ကျမှု မိနစ်အတိမ်းအစောင်းရှိခဲ့ရာမှ ဝေဖန် မှုအချို့ ရှိခဲ့ပြီးနောက် ယခုလလယ်တွင် ရပ်နားလိုက်ခြင်း ဖြစ်သည်။

“ပြန်ဖွင့်နေပါပြီ။ ၂၉ ရက်နေ့က စပြီး ပြန်ဖွင့်တာပါ။ လူတွေ ၀ိုင်းတောင်း ဆိုကြလို့ပါ။ အချိန်တိတိကျကျလေး ဖြစ်အောင် ကြိုးစားဖွင့်မယ်ပေါ့ဗျာ” ဟု ဦးကျော်သက်နိုင်က ပြောသည်။

စဖွင့်စဉ်ကတည်းက မည်သူ၏ ညွှန်ကြားချက်မျှ မပါခဲ့သကဲ့သို့ ရပ်နား လိုက်ခြင်းမှာလည်း မိမိယူထားသည့် တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင် နိုင်သောကြောင့်ဖြစ်ကြောင်း ဦးကျော် သက်နိုင်က ပြောသည်။

ယင်းသို့ ရပ်နားလိုက်ရာ မြို့ခံအချို့ က ပြန်ဖွင့်ရန် ၀ိုင်းဝန်းတောင်းဆိုကြ သဖြင့် လက်ရှိတွင် Timer (အချိန်ကိုက်)စနစ်ဖြင့် ပြန်ဖွင့်နေကြောင်း ဦးကျော် သက်နိုင်က ပြောသည်။

“ကော့သောင်းက နယ်စပ်မြို့လည်း ဖြစ်တော့လေ။ ထိုင်းမှာဆိုရင် ထိုင်းနိုင်ငံ တော်သီချင်းကို နေ့တိုင်းဖွင့်တော့ ကျွန် တော်တို့က အရိုအသေပေး အလေးပြုရ တာပေါ့ဗျာ။ ကျွန်တော်တို့က နယ်စပ်မှာ နေတော့ ရင်ထဲမှာ ရှိတာပေါ့ဗျာ”ဟု ၎င်းင်းက ပြောသည်။

ယင်းသို့ ပိတောက်ရွှေဝါရပ်ကွက် တွင် နိုင်ငံတော်သီချင်းဖွင့်နေသည်မှာ မြို့ခံအချို့အဖို့ နားထဲ စွဲနေပြီဖြစ်ပြီး သီချင်းဖွင့်ချိန်တွင် လူ၊ ဆိုင်ကယ်၊ ကား အားလုံးရပ်ကာ အရိုအသေပေးလေ့ရှိ ကြကြောင်း ကော့သောင်းမြို့ခံတစ်ဦးဖြစ် သည့် ကိုချိုက ပြောသည်။

“နိုင်ငံတော်သီချင်းသံကြားတော့ မျိုး ချစ်စိတ် နိုးကြားရတာပေါ့ဗျာ၊ မဖွင့်ဘဲ ပိတ်လိုက်တော့ တစ်ခုခု လိုနေသလိုလို ဟာတာတာ ဖြစ်ရတယ်။ နေ့တိုင်း ဖွင့်စေ ချင်ပါတယ်”ဟု ကိုချိုက ပြောသည်။

Dawei Watch