ရေကြီးဒေသရှိ ရေတွင်းရေကန်တွင် ကလိုရင်းဆေးခတ်လိုပါက ကျေးလက်ကျန်းမာရေးဌာနများထံ ဆက်သွယ်နိုင်

0
518

ရေကြီးနစ်မြုပ်ခဲ့သည့်ဒေသရှိ ရေတွင်း ရေကန်များတွင် ကလိုရင်းဆေးခတ်လို ပါက သက်ဆိုင်ရာ ကျေးလက်ကျန်းမာ ရေးဌာနများထံ ဆက်သွယ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်း မာ/ကုသရေးဦးစီးဌာနထံမှ သိရသည်။

ရေပြန်ကျသွားသည့် ဒေသများ တွင် ကလိုရင်းဆေးခတ်ရန် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးမှူးများကို ညွှန်ကြားထားပြီး ခတ်မည့်ကလိုရင်း ဆေးကိုလည်း အလုံအလောက်ဖြန့်ဝေ ပေးထားကြောင်း ပြည်သူ့ကျန်းမာ/ ကုသရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။

“ကျေးလက်ကျန်းမာရေးဌာနခွဲ တွေ သားဖွားဆရာမတွေ ကျန်းမာရေး ကြီးကြပ်တွေရှိတယ်။ သူတို့ကို ပြောပြီး တော့ ခတ်လို့ရတယ်”ဟု ဒေါက်တာထွန်း မင်းက ပြောသည်။

မသန့်ရှင်းသည့် ရေကို သောက်မိ ပါက ၀မ်းပျက်၊ ၀မ်းလျှော၊ ၀မ်းကိုက်နှင့် အသည်းရောင်အသားဝါရောဂါများ ဖြစ်ပွားနိုင်ကြောင်း ၎င်းင်းက ရှင်းပြသည်။

ရေတွင်းရေကန်တွင် ကလိုရင်း ဆေးခတ်ပါက ရေသန့်ရှင်း(ပိုးမွှားကင်း) သွားပြီးအထက်ပါရောဂါများ မဖြစ်ပွား နိုင်တော့ကြောင်း ဒေါက်တာထွန်းမင်းက ပြောသည်။

ရေကျသွားသည့် ဒေသများတွင် အထက်ပါရောဂါများ ဖြစ်ပွားခြင်းရှိ/ မရှိကို ရေသန့်ကိုသာ သောက်သုံးကြ သည့်အတွက် လက်ရှိတွင် ရောဂါဖြစ် ပွားခြင်းမရှိကြောင်း ၎င်းင်းက ပြောသည်။

ရေတွင်းရေကန်တွင် ကလိုရင်း ဆေးခတ်ပါက ရေတွင် အချိန်တစ်လခန့် ကြာသည်အထိ ဆေးအနံ့ရနေတတ် ကြောင်း ဒေါက်တာထွန်းမင်းက ဆို သည်။

ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာ သွန်းသည့်အတွက် တိုင်းအတွင်း မြို့နယ်အချို့ရှိ ရေတွင်းရေကန်များ ရေမြုပ်ခဲ့သည်။

ကိုဇော်