မူးယစ်ဆေးဖြတ်စခန်းများ ၀န်ထမ်းမရှိသေး၍ မဖွင့်နိုင်သေး

0
601

တနင်္သာရီတိုင်းအတွင်း ခရိုင်အလိုက် မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေး စခန်းများကို တည်ဆောက်ထားသော်လည်း  ၀န်ထမ်းမခန့်ထားနိုင်သေး၍ မဖွင့် နိုင်သေးကြောင်း ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြော သည်။

ပြန်လည်ထူထောင်ရေးဦးစီးဌာန ကို ၂၀၁၈ ခုနှစ် ဇနန၀ါရီလတွင်မှ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် တိုင်းနှင့် ပြည် နယ်အဆင့် ဦးစီးဌာနကို လာမည့်ဘဏ္ဍာ နှစ်မှသာ ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ် ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် မူးယစ်ဆေး ဖြတ် ပြန်လည်ထူထောင်ရေးစခန်း အဆောက်အအုံ များကို ဆောက်လုပ်ထား ပြီး ကော့သောင်းခရိုင်တွင် ဘတ်ဂျက် အနေအထားအရ အပြီးမသတ်နိုင်သေး ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဆိုသည်။

အထက်ပါ အဆောက်အအုံများ ပြီးစီးသွားပြီဖြစ်သော်လည်း ၀န်ထမ်း ဖွဲ့စည်းပုံ မကျသေးသည့်အတွက် ပြန် လည်ထူထောင်ရေး လုပ်ငန်း မလုပ်ဆောင် နိုင်သေးကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးဟိုပင်က ဆိုသည်။

“၀န်ထမ်းတွေသည် လာမယ့်ဘတ် ဂျက်ကျမှ တိုင်းနှင့် ပြည်နယ်အဆင့် တွေမှာ ခန့််ထားမှာဖြစ်တဲ့အတွက် ဒီဂေဟာ တွေ ဒီအဆောက်အအုံတွေထိန်းသိမ်းဖို့ နဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့က အချိန်ကာလတစ်ခုယူနေရတဲ့ အတိုင်း အတာ ဖြစ်ပါတယ်”ဟု ပြန်လည်ထူ ထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ပြောသည်။

ထားဝယ်ခရိုင်အတွင်း ကျောက်ရှပ် ရွာရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ ၅ ဧကပေါ်တွင် မူးယစ်ဆေးဖြတ် ပြန်လည် ထူထောင်ရေးစခန်း တည်ဆောက်ထား ကြောင်း ဦးဟိုပင်က ပြောဆိုခဲ့ဖူးသည်။

Dawei Watch