စိုက်ပျိုးမရသည့် လယ်ဧက ၇၀၀ ကျော် ပြန်ဖော်မည်

0
406

တနင်္သာရီတိုင်းတွင် ရေကြီး မြေပြိုမှု ကြောင့် သဲနှင့် နုန်းမြေများဖုံးလွှမ်းခဲ့သည့် လယ်မြေနှင့် နှစ်စဉ်ရေလွှမ်း၍ စိုက်ပျိုး မရသည့် လယ်ယာမြေ ဧက ၇၄၀ ကို တောင်သူများ၏ ဆန္ဒအတိုင်း လယ်ယာ မြေအကွက်များ ပြန်လည်ဖော်ဆောင်ပေး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စက်မှုလယ်ယာဦးစီးဌာနထံမှ သိရသည်။

တိုင်းအစိုးရ၏ ရန်ပုံငွေဖြင့် စက်မှု လယ်ယာဦးစီးဌာနမှ လာမည့် နိုဝင်ဘာ လတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း အထက်ပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

အဆိုပါ လယ်များကို ပြန်လည်ဖော် ဆောင်ပေးရန် လွှတ်တော်ကိုယ်စားလှယ် များက လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးလေ့ရှိပြီး လွှတ်တော်ကိုယ်စား လှယ်များ၏ တောင်းဆိုချက်အရ တိုင်း ဒေသကြီးအစိုးရ၏ စီမံခန့်ခွဲမှုဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ဦးအောင်ဇော်ဦး က ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း ဒေသခံတွေက တောင်းဆိုလို့ ဖြစ်မှာပေါ့”ဟု ဦးအောင်ဇော်ဦးက ဆို သည်။

လောင်းလုံးမြို့နယ် သဗျာကျေးရွာ နှင့် ရေဖြူမြို့နယ် ကျခတ်္တပင်အင်းကျေး ရွာတွင် နုန်းမြေ၊ သဲမြေဖုံးလွှမ်းနေသည့် လယ်မြေတွင် စိုက်ပျိုးမရသည့်အတွက် ယင်းနေရာကို နိုဝင်ဘာလခန့်တွင် အရင် ဆုံးပြုလုပ်မည်ဖြစ်ပြီး ကျန်ဒေသများ တွင် စပါးရိတ် သိမ်းခြွေလှေ့ပြီးချိန်တွင် ပြန်လည်ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ပြန်ဖော်မြည့်လယ်များမှာ လောင်းလုံး မြို့နယ် သဗျာကျေးရွာတွင် ဧက ၁၂၀၊ ရေဖြူမြို့နယ် ရလိုင်ကျေးရွာတွင် ဧက ၁၀၀ နှင့် ကျခတ္တပင်အင်းကျေးရွာတွင် ဧက ၁၃၀၊ သရက်ချောင်း ဥတ္တူကျေးရွာ တွင် ဧက ၁၄၀၊ ပုလောမြို့နယ် လက္ကူး ကျေးရွာတွင် ဧက ၅၀ နှင့် ရှပ်ပုံကျေးရွာ တွင် ဧက ၅၀၊ မြိတ်မြို့နယ် မဇောကျေး ရွာတွင် ဧက ၁၅၀ ဖြစ်သည်ဟု အထက်ပါ ဌာန၏ စာရင်းများအရ သိရသည်။

မိုးမြင့်