တနသာင်္ရီတိုင်း အခြေခံဆရာများသမဂ်္ဂ ဖွဲ့စည်းရန်စီစဉ်

0
1172

တနင်္သာရီတိုင်း အခြေခံဆရာများ သမဂ္ဂတစ်ခုဖွဲ့စည်းနိုင်ရန်အတွက် မြို့နယ် တစ်မြို့နယ်လျှင် ဆရာ၊ ဆရာမ နှစ်ဦး ပါဝင်သည့် အခြေခံဆရာများသမဂ်္ဂ ဦးဆောင်ကော်မတီကို သြဂုတ်လ ၂၈ ရက်က ဖွဲ့စည်းထားကြောင်း ယင်းကော်မတီ ထံမှ သိရသည်။

ယမန်နှစ်ကလည်း အခြေခံဆရာ များသမဂ်္ဂကို ဖွဲ့စည်းနိုင်ရန် စီစဉ်ခဲ့ဖူး သော်လည်း ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိသဖြင့် ယခုနှစ်တွင် ထားဝယ်ပညာရေးကောလိပ် ဆင်း ဆရာအချို့က ဦးဆောင်ကာ ယင်း သမဂ္ဂဖွဲ့စည်းရန် စီစဉ်လာခြင်း ဖြစ်သည်။

တနင်္သာရီတိုင်း အခြေခံဆရာများ သမဂ်္ဂကို လာမည့် နွေရာသီကျောင်းပိတ် ရက်တွင် ဖွဲ့စည်းနိုင်ရန် စီစဉ်နေပြီး လက်ရှိတွင် တိုင်းအတွင်းရှိ အခြေခံပညာ ဆရာ၊ ဆရာများ ပါဝင်လာစေရန် ဆောင် ရွက်လျက်ရှိကြောင်း တနင်္သာရီတိုင်း အခြေခံဆရာများသမဂ်္ဂ ဦးဆောင် ကော်မတီဝင်အချို့က ပြောသည်။

“အခုဖွဲ့မယ့်ဆရာများသမဂ်္ဂသည် ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ ဆရာ၊ ဆရာမတွေဘက်က လုံးဝကို ရပ် တည်ပေးမယ့် အဖွဲ့အစည်းတစ်ခုသာ ဖြစ်တယ်” ဟု ယင်းဦးဆောင်ကော်မတီ ၀င် ဦးဝေယံစိုးက ဆိုသည်။

တိုင်းအတွင်းရှိ ဆရာ၊ ဆရာမများ ရရှိသင့်သည့် အခွင့်အရေးများ ရရှိရန်၊ ကျောင်းသူ၊ ကျောင်းသားများ ဆရာ၊ ဆရာမ လုံလောက်စွာ ပညာသင်ကြား နိုင်ရန် စသည့်တို့ကို ဆောင်ရွက်နိုင် ရန်အတွက် တနင်္သာရီတိုင်း အခြေခံဆရာ များသမဂ်္ဂကို ဖွဲ့စည်းရန် စီစဉ်ခြင်း ဖြစ် ကြောင်း ဦးဆောင်ကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးနိုင်လင်းသူက ပြောသည်။

အခြေခံဆရာ၊ ဆရာမများသမဂ်္ဂများဖွဲ့စည်းရန်အတွက် အခြေခံပညာဦးစီး ဌာနအနေဖြင့် ညွှန်ကြားချက်မရှိသော် လည်း ယင်းသမဂ်္ဂကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ဆရာတွေရဲ့ အရေးတွေနဲ့ ပတ်သက် တာ၊ ကျောင်းသားတွေရဲ့ ပညာသင်ကြား ရေးနဲ့ပတ်သက်ပြီး တောင်းဆိုစရာရှိတာ တောင်းဆိုဖို့ လုပ်တဲ့ အသင်းအဖွဲ့ဆိုရင် တော့ ကြိုဆိုပါတယ်။ တောင်းဆိုတာ တွေသည် ဆရာ၊ ဆရာမတွေအတွက်၊ ပညာရေး လောကအတွက် ကောင်းတာ ဆိုရင် တို့ကထောက်ခံမှာပါ”ဟု ဒေါ်မြင့်စိန် က ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (Myanmar Teacher Federation) အဖွဲ့ဝင် ဆရာ၊ ဆရာမ အချို့လည်းရှိ သည်။

ကျော်သူစိုး