ရေဘေးအလှူ စုဝေးပေးသူများ

0
876

တစ်နေရာရာတွင် ဘေးတစ်ခုခု သင့်သည်ဆိုသည်နှင့် လူတို့က ဘေးသင့် သူတို့အတွက် စိတ်မကောင်းဖြစ်ကြရ၊ နိုင်သမျှ ကူညီထောက်ပံ့လိုကြသည်က ဓမ်္မတာ။

ဘေးသင့်ရာသို့ အပြေးအလွှား သွားကူရန် အခွင့်အလမ်းသာသူတို့က ပြေးကူကြသည်။

ပြေးကူရန်အခွင့်အလမ်းမသာသူ တို့က ဘေးသင့်သူများကို မိမိနေရပ်မှ နေ၍ မိမိ၏တတ်နိုင်သည့်ဘက်မှ ထောက် ကူချင်ကြသည်။ တချို့က မိမိအခြေအနေ အပေါ်မူတည်၍ ငွေ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ် စသဖြင့် မိမိတတ်နိုင် သမျှလေး ပေးလှူကူညီလိုကြသည်။

ယခင်ကတော့ ထိုသို့ တစ်နိုင်တစ်ပိုင် ကူညီလိုသူတွေက မည်သည့်နေရာတွင် မည်သူ့ကို သွားထည့်ပေးရမည်ကို မသိ ကြပါ။

“နိုင်သလောက် ကူညီချင်လိုက်တာ”ဟု ညည်းရင်းပင် ကျော်လွန်ခဲ့ရ သည်။

ယခုမူ စစ်ဘေး၊ သဘာဝဘေး စသဖြင့် ဘေးသင့်သူတို့ကို တစ်နိုင် တစ်ပိုင် လှူဒါန်းထောက်ပံ့လိုသူများ ငွေကြေးနှင့် အခြားအထောက်အပံ့များကို တစ်စုတစ်စည်းတည်း ဖြစ်ရေး စုဝေးပေး သူတို့ ရှိလာသည်။

လတ်တလော ဖြစ်ပေါ်နေသည့် ရေဘေးတွင် ထိုသို့ စုဝေးပေးသည့် အဖွဲ့လေးများ ပိုမို ပေါများလာသည်ကို တွေ့ရပါသည်။

တချို့က မိမိ၏ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကို ဆော်သြကြပါ သည်။ ရေဘေးအတွက် ထည့်ဝင်လိုသူ က ထိုဆော်သြသူထံ ၀ိုင်းဝန်းထည့်ဝင် ကြသည်။ ဆော်သြစုစည်းသူက ရသမျှ ကို သင့်တော်သည့် နေရာများသို့ ခွဲဝေ လှူဒါန်းပြီး မည်မျှရ၍ မည်သို့လှူဒါန်း ကြောင်း ထည့်ဝင်သူအားလုံးသိစေရန် နည်းတစ်မျိုးမျိုးဖြင့် ကြေညာပေးသည်။

တချို့က မည်သူမဆို ထည့်ဝင်နိုင် ရန် လမ်းပေါ်ထွက် အလှူခံပေးကြသည်။

ယခုနှစ်တွင် ကော့သောင်းမြို့၌ ရေဘေးမသင့်ပါ။ သို့သော် ကော့သောင်း မြို့ခံအချို့ကလည်း ရေဘေးသင့်ဒေသ များအတွက် လမ်းမပေါ် အလှူထွက်ခံ ကြသည်။

ကော့သောင်းမြို့တွင် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD)၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်း၊ လူငယ်ကွန်ရက်၊ အမေ့အိမ် စသည့် အဖွဲ့များပေါင်းကာ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး မြို့အတွင်း လှည့်လည်ကာ ငွေ၊ အ၀တ်အထည်နှင့် စားသောက်ကုန်များ လှူလိုသူတွေ လှူနိုင်ကြောင်း ဆော်သြအလှူခံခဲ့ကြ သည်။

“အရင်နှစ်ကလည်း အဲလိုစုဖွဲ့ အလှူခံခဲ့ပါတယ်။ ကျွန်တော်တို့မြို့နယ် မှာ ကြီးကြီးမားမား မဖြစ်ဘဲနဲ့ အခြား မြို့နယ်မှာဖြစ်နေတော့ ကော့သောင်းမှာ အလှူခံပြီးတော့ သွားလှူပေးခဲ့ပါတယ်” ဟု ကော့သောင်း(NLD)ဥက္ကဋ္ဌ ဦးသက်နိုင် က ပြောသည်။

တချို့ကလည်း မိမိတို့အဖွဲ့အစည်း ၏ အလှူငွေနှင့် ဒေသခံတို့၏ ထည့်ဝင် လှူဒါန်းမှု စုပေါင်းကာ ဘေးသင့်ဒေသ များသို့ သွားရောက် လှူဒါန်းကြသည်။

“၇ ရက်သားသမီးတွေဆီက သဒ်္ဓါ ပေါက်သလောက် အလှူခံစုဆောင်းပြီး သွားလှူကြတယ်” ဟု မြိတ်မြို့ ၀ဋံသက နာရေးကူညီမှုအသင်း အတွင်းရေးမှုး ဦးခင်ဇော်က ပြောသည်။

မြိတ်တွင် ယင်းသို့ သူ့အဖွဲ့နှင့်သူ လိုက်လံအလှူခံကာ သွားရောက် ပေးလှူကြသည့် အဖွဲ့ငယ်ပေါင်း ၁၀ ဖွဲ့ နီးပါးရှိကြောင်း ပရဟိတအဖွဲ့များထံမှ သိရသည်။

မြိတ်မြို့မှ အချို့အလှူခံအဖွဲ့များက အလှူခံရာ၌ တီးဝိုင်းဖြင့်သော်လည်း ကောင်း  ကာရာအိုကေစက်ဖြင့်သော် လည်းကောင်း တီးခတ်သီဆို၍ မြို့အနှံ့ နှင့် အနီးအနားကျေးရွာများကိုပါ ကား ဖြင့် လိုက်လံအလှူခံကြသည်။

ထားဝယ်တွင်လည်း လူငယ်တစ်စု က လမ်းမများပေါ် လှည့်လည်အလှူခံ ခဲ့ကြသည်။

ထိုလူငယ်အဖွဲ့က သီဆိုတီးခတ် ဖျော်ဖြေရုံမက စကိတ်အလှစီးပြခြင်း၊ ဆိုင်ကယ်စတန့်ထွင် စီးပြခြင်းမျိုးဖြင့် အလှူရှင်တို့ကို ဆွဲဆောင်ခဲ့ကြသည်။

“လူငယ်တွေတတ်ကျွမ်းတဲ့ ပညာရပ် တွေကို အားတစ်ခုအဖြစ် ပါဝင်ဖို့ဖိတ် ခေါ်ပြီး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘယ်သူမဆို တတ်ကျွမ်းတဲ့ ပညာရပ် တွေနဲ့ ပါဝင်ပြီး လူစည်ကားလာအောင် ပြုလုပ် အလှူခံခဲ့ကြတာ ဖြစ်ပါတယ်” ဟု ထားဝယ် တက်ကြွလူငယ်အဖွဲ့က ကိုဝေဖြိုးက ပြောသည်။

ထိုလူငယ်အဖွဲ့တွင် အသင်းအဖွဲ့ ၉ ခုရှိပြီး လူအင်အား ၁၂၀ ကနေ ၂၀၀ ကြားအထိ ထွက်အလှူခံကြခြင်း ဖြစ် သည်။

“လှူလိုက်တာတွေသည် အဖိတ် အစင် လုံးဝမရှိဘဲနဲ့ ဘေးသင့်ပြည်သူ တွေလက်ထဲကို တကယ်ကိုရောက်ရှိ ကြောင်းနဲ့ စနစ်တကျနဲ့ရောက်ရှိကြောင်း ကို အလှူရှင်တွေကို သတင်းစကားပေး ချင်တယ်”ဟု ကိုဝေဖြိုးက ပြောသည်။

ထိုလူငယ်အဖွဲ့သည် ကိုယ့်စရိတ် ကိုယ်စားကာ ရေဘေးအလှူ စုဝေးပေး သူများ ဖြစ်ကြောင်း အာမခံကြပါသည်။

“သူတို့ရဲ့ အဓိကထူးခြားတဲ့တစ် ချက်က အလှူခံရတဲ့ပိုက်ဆံကို သူတို့ လုံးဝမသုံးဘူးခင်ဗျ။ စားဖို့သောက်ဖို့ အတွက်လည်း မသုံးဘူး။ အလှူခံရတဲ့ ငွေနဲ့ရေတောင်မ၀ယ်တိုက်ဘူး။ အားလုံး ကိုယ့် စရိတ်နဲ့ကိုယ်စား။ အဲဒါကို ကျွန်တော် အရမ်းကြိုက်တယ်။ အဲဒါကြောင့် ပါဝင်ကူညီဖြစ်တယ်” ဟု ရေဘေးသင့် ပြည်သူများအား ပြန်လည်ထူထောင်ရေး အလှူတွင် ပါဝင်ခဲ့သူ လူထုအလင်းရောင် ကွန်ရက်ဝင် ကိုဇေယျာမင်းက ဆိုသည်။

မည်သို့ဆိုစေ ထိုအဖွဲ့လေးများ ပေါ်ပေါက်လာသည့်အတွက် ဘေးသင့် သူများကို အိုးမကွာအိမ်မကွာဘဲ တတ် နိုင်သမျှ ထောက်ပံ့ပေးလိုသူတွေအတွက် အဆင်ပြေစေနေပါတော့သည်။

ကိုဝေဖြိုးကတော့ ထားဝယ်လူငယ် တို့၏ အရေးကြုံလျှင် စုဖွဲ့နိုင်မှုကို ကျေနပ်နေသည်။

“အစုလိုက်အဖွဲ့လိုက် လုပ်ဆောင် တတ်တဲ့အကျင့်တွေ ရရှိလာနေပြီလို့ ပြောလို့ရတဲ့အနေထား ရောက်လာပါပြီ” ဟု ကိုဝေဖြိုးက ပြောသည်။

Dawei Watch