အပျိုဖော်ဝင်ကျောင်းသူ ခုနစ်သောင်းကျော်ကို သံဓာတ်အားဆေးတိုက်မည်

0
575

တနသာင်္ရီတိုင်းအတွင်းရှိ အပျိုဖော် ၀င်ကျောင်းသူ ခုနစ်သောင်းကျော်ကို သံဓာတ်အားဆေး တိုက်ကျွေးရန် ရည်မှန်း ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ မိခင်/ကလေး ကျောင်းကျန်းမာ အာဟာရဌာနထံမှ သိရသည်။

လက်ရှိပညာသင်နှစ်တွင် အပျို ဖော်ဝင်အရွယ်ဖြစ်သည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူ ၇၆၀၀၀ ကျော် ကို တိုက်ကျွေးရန် ရည်မှန်းထားကြောင်း မိခင်/ကလေးကျောင်းကျန်းမာ အာဟာရ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွေးမြစိုးက ဆိုသည်။

အပျိုဖော်ဝင်ကျောင်းသူများကို သံဓာတ်ချို့တဲ့မှုကာကွယ်နိုင်ရန် တစ်ပတ် လျှင် သံဓာတ်အားဆေးနှစ်လုံးနှုန်းဖြင့် (တစ်လလျှင်ရှစ်လုံး) ကျောင်းပိတ်ရာသီ အထိ တိုက်ကျွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစ်ကယ်လို့ သွေးအားနည်းနေပြီ ဆိုရင် နေ့တိုင်းတိုက်ရတယ်”ဟု ဒေါက်တာ ထွေးမြစိုးက ဆိုသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က အပျို ဖော်ဝင်အရွယ် ကျောင်းသူ ခြောက်သောင်း နီးပါးကို သံဓာတ်အားဆေးတိုက်ကျွေး ခဲ့ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။

Dawei Watch