ဘာကြောင့် လက်ကို စင်အောင် ဆေးသင့်သလဲ

0
1519

လက်ကို စင်အောင်ဆေးတာဟာ ဘယ်လောက်အထိ အကျိုးရှိသလဲဆိုရင် “သန့်ရှင်းသောလက် ဆေးတစ်ခွက်”လို့ တောင် တင်စားပြီး ပြောရအောင်အထိ ပါပဲ။

ဒါကြောင့် ကိုယ်တိုင်လက်ကို ဆပ်ပြာနဲ့ ဆေးဖို့သတိရှိပါ။ ဒါ့အပြင် သူတစ်ပါးကိုလည်း လက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးဖို့ သတိပေးပြီး ကုသိုလ် ယူပါ။

ဘာကြောင့်လက်ကို စင်ကြယ် အောင်ဆေးသင့်သလဲ။

မသန့်ရှင်းတဲ့လက်မှာ ရောဂါပိုးများ စွာပါဝင်နေပြီး မသန့်ရှင်းတဲ့ လက်နဲ့ ကိုင်တွယ်ထားတဲ့ အရာတွေမှာ ရောဂါ ပိုးများစွာ ရှိနေပါတယ်။

လက်မှာကပ်ပါလာတဲ့ မစင်၊ အညစ် အကြေး အနည်းငယ်(၁ဂရမ်)မှာ ရောဂါ ပိုးမွှားပေါင်း ၁၁ သန်းလောက် ပါဝင်ပါ တယ်။

အထူးသဖြင့် အစားအစာ ချက်ပြုတ် ပြင်ဆင်သူ အိမ်ရှင်မတွေနဲ့ ရောင်းချသူ တွေရဲ့ လက်မသန့်ရှင်းမှုကြောင့် လူပေါင်း များစွာ ရောဂါရပြီး ကပ်ရောဂါကူးစက် ကာ သေဆုံးနိုင်ပါတယ်။

လက်ဆေးတာကတော့ ဟုတ်ပါပြီ။ မေးစရာရှိတာက ဘယ်အချိန်မှာ လက် ဆေးရမှာလဲဆိုတာပါ။

 (၁) အစာမစားခင်နှင့် အစာစား ပြီးချိန်တွင် လက်ကိုဆပ်ပြာဖြင့် စင်အောင် ဆေးပါ။

(၂) အစားအစာမကိုင်တွယ်မီနှင့် မချက်ပြုတ်မီ လက်ကိုဆပ်ပြာဖြင့် စင် အောင်ဆေးပါ။

(၃) အိမ်သာမှအထွက်တွင် လက် ကိုဆပ်ပြာဖြင့် စင်အောင်ဆေးပါ။

(၄) ကလေးအညစ်အကြေး၊ အခြား သောအညစ်အကြေးနှင့် အမှိုက်သရိုက် များ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ ဖြင့် စင်အောင်ဆေးပါ။

လက်ဆေးတဲ့အခါ လက်ကိုဆပ်ပြာ ဖြင့် အနည်းဆုံး စက်္ကန့် ၂၀ ခန့်ပွတ်ဆေး ပါ။ ဆိုတော့ လက်ကို ဘယ်လို ဆေးရ မလဲ။

(၁) လက်ဖ၀ါးနှစ်ခုအား ပွတ်ဆေး ပါ။

(၂) လက်ဖမိုးနှစ်ခုအား ပွတ်ဆေး ပါ။

(၃) လက်ချောင်းနှင့် လက်ကြား ပွတ်ဆေးပါ။

(၄) လက်ခေါက်ချိုး၍ လက် ချောင်းများကို ပွတ်ဆေးပါ။

(၅) လက်ညှိုးနှင့် လက်မကြား ပွတ် လှည့်ဆေးပါ။

(၆) လက်ဖ၀ါးပေါ်တွင်လက်ချောင်း ထိပ်များကို ပွတ်ဆေးပါ။

(၇) လက်ကောက်ဝတ်အား ပွတ် လှည့်ဆေး၍ အခြောက်ခံပါ။

အထူးသတိပြုရမှာတစ်ခုက လက် ကို ရေဇလုံထဲ နှစ်ပြီး မဆေးဖို့ပါ။ သီးသန့် ရေလောင်းပြီး ဆေးဖို့ သတိထားပါ။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန