မြိတ်မုန့်ဖတ်လုပ်ငန်းနှစ်ခုမှ ထုတ်လုပ်သည့် မုန့်ဖတ်များတွင် ဖော်မလင်တွေ့

0
8088

မြိတ်မြို့တွင် မုန့်ဖတ်လုပ်ငန်းနှစ်ခု က ထုတ်လုပ်ရောင်းချနေသည့် မုန့်ဖတ် များတွင်စားသုံးရန်မသင့်သည့် ဖော်မလင် ပါဝင်နေသည်ကို တွေ့ရှိရကြောင်း မြိတ် ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနထံမှ သိရသည်။

တိုင်းဒေသကြီးအစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်၍ မြိတ်မြို့ရှိ သီဟဇေယျာ ဈေး(မြို့သစ်ဈေး) ကို သြဂုတ်လ ၂၂ ရက် က သွားရောက်စစ်ဆေးခဲ့ရာ မုန့်ဖတ် ရောင်းချနေသည့် ဆိုင်နှစ်ဆိုင်တွင် တာရှည်ခံစေသည့် ဖော်မလင်ပါ မုန့်ဖတ် များရောင်းချနေသည်ကို တွေ့ခဲ့ရကြောင်း အထက်ပါဌာနထံမှ သိရသည်။

ယင်းဆိုင်နှစ်ဆိုင်က၀ယ်ယူသည့် မုန့်ဖတ်လုပ်ငန်းများအား သွားရောက်စစ် ဆေးခဲ့ရာ ဖော်မလင်ပါဝင်သည့် မုန့်ဖတ် လုပ်ငန်းနှစ်ခုကို တွေ့ခဲ့ရသည်ဟု မြိတ် ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

“သွားစစ်ဆေးတော့ သူတို့လည်း ဒီတာရှည်ခံဆေးတွေ သုံးတယ်လို့ ၀န်ခံ ခဲ့တယ်”ဟု ၎င်းက ပြောသည်။

ယင်းမုန့်ဖတ်လုပ်ငန်းနှစ်ခုမှ မုန့်ဖတ် ၂၉ ပိဿာကို သိမ်းဆည်း၍ နောက် နောင်တွင် ဖော်မလင်အသုံးပြု၍ ရောင်းချ ခြင်းမပြုရန် ပထမဆုံးအကြိမ်အဖြစ် ခံဝန် ချက်လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။

“နောက်တစ်ကြိမ် ထပ်ပြီးကျူးလွန် မယ်ဆိုရင်တော့ ဥပဒေအရအရေးယူပြီး ပိတ်သိမ်းတာတို့ လုပ်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ဖော်မလင်ဖြင့် ပြုလုပ်ထားသည့် မုန့်ဖတ်များကို စားသုံးမိပါက ဗိုက်နာ ဗိုက်အောင့်ခြင်း၊ အော့အန် ခြင်းများဖြစ် စေပြီး ရေရှည်စားသုံးမိလျှင် အသည်း၊ ကျောက်ကပ်ကင်ဆာရောဂါရကာ သေဆုံး နိုင်သည်အထိ အန်္တရာယ်ရှိကြောင်း မြိတ် ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနထံမှ သိရသည်။

Dawei Watch