မလွှဲတောင်ယာယီဘေလီတံတား အဆင့်မြှင့်

0
435
ဓာတ်ပုံ - Ministry of Construction Fb

ရန်ကုန်- ထားဝယ်ကားလမ်း မလွှဲ တောင်လမ်းပိုင်းပေါ်တွင် ယာယီတည် ဆောက်ထားသည့် ဘေလီတံတားကို အဆင့်မြှင့်တင်နေကြောင်း တနင်္သာရီ တိုင်းလမ်းဦးစီးဌာနထံမှ သိရသည်။

ယခုလလယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများကြောင့် လမ်းပိုင်း ပဲ့ကျသွားသည့်အတွက် ၂၄ တန် အထိသာ ခံနိုင်ဝန်ရှိသည့် ယာယီဘေလီတံတား တစ်စီးကို တည်ဆောက်ထားသည်။

သြဂုတ်လ ၂၇ ရက်မှ စတင် အဆင့် မြှင့်တင်နေခြင်းဖြစ်ပြီး လာမည့်အပတ် ပြီးစီးမည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဦးစီးမှူး ဦးသက်ဇော်ဝင်း က ပြောသည်။

“ကျွန်တော်တို့က အနည်းဆုံး ၃၆ တန်ဖြတ်လို့ရမယ်ပေါ့။ အဲလိုမျိုး အနေ အထားလေးပေါ့”ဟု ဦးသက်ဇော်ဝင်းက ပြောသည်။

တံတားအဆင့်မြှင့်သည့် လုပ်ငန်း ဆောင်ရွက်နေစဉ်ကာလတွင်လည်း ပုံမှန် ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ၎င်းင်းက ဆိုသည်။

လက်ရှိရှိနေသည့် ဘေလီတံတား ကို မဖျက်ဘဲ ၀န်အားပိုခံနိုင်စေရန် တံတား အစိတ်အပိုင်းများကို အဆင့်မြှင့်တင် (ထပ်ပိုး) နေခြင်းဖြစ်သည်။

လက်ရှိဘေလီတံတားမှာ ၂၄ တန် အထိသာ ခံနိုင်သည့်အတွက် ကုန်ကား များ တစ်ဆင့်ခံကဲ့သယ်နေရခြင်း၊ တွဲကား ကြီးများ ဖြတ်သန်းရန် အဆင်မပြေသည့် အတွက် အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

“လက်ရှိဘေလီတံတားကို ပြန်ပြီး တော့ စါမေိန ပြန်လုပ်တာပေါ့”ဟု ၀န်ကြီးဦးအောင်သူရက ဆိုသည်။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် သြဂုတ်လ ၁၀ ရက်နေ့တွင် လမ်းမပေါ် မြေပြိုကျခြင်း၊ လက်ရှိဘေလီတံတား ဆောက်ထားသည့် နေရာတွင် အရှည်ပေ ၁၀၀ ကျော် လမ်းသားပဲ့ကျသွားခြင်းများ ဖြစ်ပွားခဲ့သည်။

Dawei Watch