ထားဝယ်-ထီးခီးလမ်း လမ်းအူကြောင်းအတည်ပြုပြီးမှ လျော်ကြေးကိစ္စ စိစစ်မည်

0
1093

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်း နိုင်ငံနယ်စပ် ထီးခီးသို့ ဆက်သွယ်ထား သည့် လမ်းအဆင့်မြှင့်ရန်အတွက် လမ်း အူကြောင်းကို အတည်ပြုပြီးမှသာ ဒေသခံ များ၏ မြေယာလျော်ကြေးကိစ်္စကို စိစစ် မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးက ပြောသည်။

ယင်းလမ်းပိုင်းတွင် ၂၀၁၀ ခုနှစ်က အီတာလျံ-ထိုင်းကုမ္ပဏီက လမ်းအူကြောင်း တစ်ခုကိုဖောက်လုပ်ထားသည်။

ယင်းလမ်းအူကြောင်းသည် အကွေ့ အကောက်များခြင်း၊ မတ်စောက်ခြင်း တို့ကြောင့် လမ်းဒီဇိုင်းအသစ်တစ်ခုကို NEDA က ငှားရမ်းထားသည့် အကြံ ပေးကုမ္ပဏီများက ရေးဆွဲလျက်ရှိသည်။

ထားဝယ်ထီးခီးလမ်းကို ထိုင်းအစိုးရ ၏ အိမ်နီးချင်းနိုင်ငံများစီးပွားရေးဖွံ့ဖြိုး  တိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(NEDA) ၏ ချေးငွေ ဘတ် ၄.၅ ဘီလီယံဖြင့် အဆင့်မြှင့်မည် ဖြစ်သည်။

အကြံပေးကုမ္ပဏီများ၏ လေ့လာ ဆန်းစစ်ချက်များကို လာမည့် စက်တင် ဘာလ ၂၈ ရက်တွင် လမ်းဦးစီးဌာနသို့ အစီရင်ခံတင်ပြရမည်ဖြစ်ပြီး ၎င်းတို့၏ အကြံပြုချက်များအပေါ်မူတည်၍ အမှန်တကယ်အဆင့်မြှင့်မည့် လမ်းအူ ကြောင်းကို သတ်မှတ်မည်ဖြစ်ကြောင်း ဦးလှထွန်းဦးက ဆိုသည်။

သြဂုတ်လ ၂၉ ရက်က ထားဝယ် အထူးစီးပွားရေးဇုန်ရှိ One Stop Service Centre တွင် ပြုလုပ်သည့် ထားဝယ်-ထီးခီးလမ်းစီမံကိန်းနှင့်ပတ်သက်သည့် ဒုတိယအကြိမ်လူထုတွေ့ဆုံရှင်းလင်းပွဲ တွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လမ်းအူကြောင်းအတည်ပြုပြီးပါက တိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများ၊ ဒေသခံများ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ လျော်ကြေးပေးရန်အတွက် ကွင်းဆင်းစိစစ်မည်ဖြစ်ကြောင်း ဦးလှထွန်းဦးက ဆိုသည်။

“ကွင်းဆင်းလေ့လာပြီး အသေးစိတ် ကောက်ယူမှာ ဖြစ်ပါတယ်။ ကောက်ယူ တဲ့အပေါ်မှာ မူတည်ပြီးတော့မှ ဘယ်နှုန်း ဘယ်နှုန်းပေးလျော်မယ်ဆိုတဲ့ကိစ်္စကို ကျွန်တော်တို့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် ကနေ အဆင့် ဆင့် တိုင်းဒေသကြီးအစိုးရကို တင်ပြပါ့မယ်။ ဒီကနေ သတ်မှတ်တဲ့နှုန်း အတိုင်း ကျွန်တော်တို့ လျော်ပေးပါမယ်”ဟု ၎င်းက ပြောသည်။

လျော်ကြေးငွေကို ထိုင်းနိုင်ငံ၏ ချေးငွေထဲမှ လျော်ပေးမည်မဟုတ်ဘဲ မြန်မာအစိုးရကသာ တာဝန်ယူလျော်ပေး မည်ဖြစ်ကြောင်း ဦးလှထွန်းဦးက ဆိုသည်။

လမ်းစီမံကိန်းကို အကောင်အထည် မဖော်မီ ဒေသခံများလာရောက်ရှင်းပြသင့်ကြောင်း မေတ်္တာမြို့နယ် ကမိုသွေး ဒေသရှိ ကမိုသွေး လူထုအခြေပြုရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောခိုက ပြောသည်။

“စီမံကိန်းကို အကောင်အထည် မဖော်ခင် လူထုကို အရင်လာရှင်းပြသင့် တယ်။ လူထုနားလည်တဲ့ စကားနဲ့ ရှင်းပြ သင့်တယ်။ ဒီစီမံကိန်းကို ကျွန်တော်တို့ မကန့်ကွက်ပါဘူး။ လူထုတကယ်နား လည် သဘောပေါက်အောင် ရှင်းပြပြီးမှ စီမံကိန်းအကောင်အထည်ဖော်မယ်ဆိုရင် ပိုပြီးတော့အောင်မြင်မှာပေါ့”ဟု စောခို ကဆိုသည်။

အဆင့်မြှင့်မည့်လမ်းဒီဇိုင်းနှင့်ပတ် သက်၍ အကြံပေးကုမ်္ပဏီများ၏ အစီရင် ခံစာထွက်လာပါက လမ်းကုန်ကျစရိတ် ကို သိရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြား ချေးငွေဆိုင်ရာစာချုပ်များချုပ်ဆိုကာ ထိုင်း နိုင်ငံတွင်မှတ်ပုံတင်ထားသည့် ဆောက် လုပ်ရေးကုမ်္ပဏီများကို တင်ဒါခေါ်ယူ မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရ သည်။

မြေပြင်လုပ်ငန်းများကို ၂၀၂၀ ခုနှစ် အတွင်း စတင်မည်ဟု ကော်မတီတာဝန်ရှိ သူများက ပြောဆိုထားသည်။

Dawei Watch