တနင်္သာရီတိုင်းအပါအ၀င် ဒေသသုံးခုတွင် တတိယအကြိမ် ရေကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

0
388

တနင်္သာရီတိုင်းအပါအ၀င် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တတိယအကြိမ် ရေကြီးနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး လိုက်သည်။

တောင်တရုတ်ပင်လယ်ပြင်တွင် တိုက်ခတ်နေသော အပူပိုင်း မုန်တိုင်း PODUL သည် ဗီယက်နမ်ကမ်းခြေကို ဖြတ်သန်းခဲ့ပြီး ထိုင်းနိုင်ငံမှတစ်ဆင့်      မြန်မာနိုင်ငံတောင်ပိုင်းသို့ဝင်ရောက်လာ နေကြောင်း ဒေါက်တာထွန်းလွင်က ၎င်း ၏ Facebook စာမျက်နှာတွင် သြဂုတ်လ ၃၀ ရက်က သတိပေးရေးသားထားသည်။

ယင်းမုန်တိုင်းအကြွင်းအကျန်တိမ်တိုက် များကြောင့် တနင်္သာရီတိုင်းအပြင် မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာ သွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း ၎င်းင်းက သတိပေးထားသည်။

ယင်းအတွက်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီတိုင်းတို့အနေဖြင့် တတိယအကြိမ် ရေကြီးမှုများကို ဂရုစိုက်ပြင်ဆင် ရန် လိုပါလိမ့်မည်ဟု ၎င်းင်းက ရေးသား ထားသည်။

သြဂုတ်လ ဒုတိယအပတ်က တနင်္သာရီတိုင်းအတွင်း ရေကြီးရေလျှံမှု၊ တောင်ပြို မှုများ ဆိုးရွားစွာဖြစ်ပွားခဲ့ပြီး သြဂုတ်လ နောက်ဆုံးအပတ်တွင်လည်း ဒုတိယအကြိမ်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်တွင်လည်း တနင်္သာရီတိုင်းအတွင်း စက်တင်ဘာလ ၇ ရက်အထိ ပုံမှန်ထက် မိုးပိုရွာနိုင်ပြီး ယင်းကာလအတွင်း မိုးရွာမည့်ရက် ၇ ရက်မှ ၉ ရက်အထိ ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ကျော်သူစိုး