ထားဝယ်လျှပ်စစ် တင်ဒါအောင် ကုမ္ပဏီမလုပ်မီ ကြားကာလ မီးပြတ်မည်မဟုတ်ဟု လျှပ်စစ်ဝန်ကြီးဆို

0
1076

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါ အောင်သည့် ကုမ်္ပဏီတာဝန်မယူမီ ကြား ကာလတွင် လျှပ်စစ်မီးပြတ်တောက်မည် မဟုတ်ကြောင်း တနသာင်္ရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လက်ရှိလျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေး လုပ်ကိုင်နေသည့် GGS ကုမ္ပဏီကို တိုင်းအစိုးရအဖွဲ့က စက်တင်ဘာလ ကုန်အထိသာ လုပ်ကိုင်ခွင့်ပြုထားသည်။

တင်ဒါအောင်ကုမ္ပဏီက ၂၀၂၀ ခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် လုပ်ငန်းစတင် လုပ်ကိုင်ရမည်ဖြစ်သည့်အတွက် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာကာလမှာ ကြားကာလဖြစ် နေသည်။

 တိုင်းအစိုးရမှ ရွေးချယ်ထားသည့် တင်ဒါအောင်ကုမ္ပဏီသို့ ဥပဒေနှင့်အညီ လုပ်ငန်းလွှဲအပ်နိုင်ရေး၊ ရသင့်ရထိုက်သည့် မီတာခများ ပြည့်ဝစွာရရှိရေး၊ ၀န်ထမ်းလွှဲပြောင်းရေးကိစ္စများကို လိုအပ်သလို စီမံဆောင်ရွက်ပေးရန် GGS ကုမ္ပဏီက  သြဂုတ်လ ၂၆ ရက် နေ့စွဲဖြင့် တိုင်းအစိုးရထံ စာပေးပို့ထားသည်။

ယင်းကြောင့် GGS ကုမ္ပဏီနှင့်  ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြုဗဟိုကြီးကြပ်မှု ကော်မတီတို့ သြဂုတ်လ ၃၀ ရက်နေ့က ကြားကာလအတွင်း ဆက်လုပ်၊ မလုပ် ကိစ္စကို ညှိနှိုင်းဆွေးနွေးကြသော်လည်း သေချာသည့် အဖြေမထွက်ခဲ့ကြောင်း ၀န်ကြီးဦးအောင်သူရက ဆိုသည်။

ထိုကြောင့် GGS ကုမ္ပဏီဘက်က တာဝန်ပေးအပ်ထားသည့် ရှေ့နေများနှင့် လာမည့် စက်တင်ဘာလ ၆ ရက်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး ယင်း အချိန်မှသာ ဆက်လုပ်၊ မလုပ် တိကျသည့် အဖြေထွက်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

GGS ကုမ္ပဏီနှင့် ညှိနှိုင်းမှု အဆင် ပြေပါက ကြားကာလအတွင်း ဆက်လက် လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး ညှိနှိုင်းမှု အဆင်မပြေပါက တိုင်းအစိုးရ တွင် ဒုတိယအစီအစဉ်ရှိကြောင်း ဦးအောင်သူရက ပြောသည်။

တိုင်းအစိုးရ၏ ဒုတိယအစီအစဉ်မှာ ကြားကာလ သုံးလအတွင်း အခြားသူ တစ်ဦးကို လုပ်ကိုင်ခွင့်ပြုရန်ဖြစ်သည်။

ယင်းကာလတွင် လျှပ်စစ်မီး ပြတ် တောက်မည်မဟုတ်ကြောင်း ဦးအောင်သူရ က ပြောသည်။

“ကြားမှာ မီးမပြတ်ဘူး။ ပြတ်လို့ လည်းမရဘူး၊ ဈေးနှုန်းက၂၅၀ ကျပ် ထက်တော့မပိုဘူး”ဟု ၀န်ကြီးဦးအောင်သူရ က ဆိုသည်။

ဒုတိယအစီအစဉ်နှင့် ပတ်သက် သည့် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောရန် အချိန်စောသေးကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတင်ဒါကို ပြီးခဲ့သည့် အပတ်က ဖွင့်ဖောက်စစ် ဆေးထားပြီး တင်ဒါအောင်ကုမ္ပဏီ အမည်စာရင်းကို စက်တင်ဘာလဆန်း ပိုင်းတွင် ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ကိုဇော်