ကျေးဇူးတော်ရွာသားများ တရားစွဲခံရပြန်

0
714

ရေဖြူမြို့နယ် ကျေးဇူးတော်ရွာ အုပ်ချုပ်ရေးမှူးအပါအ၀င် ရွာသား ၈ ဦး အား ရွှေပဒုမ္မာဆီအုန်းကုမ္ပဏီက ပိုင်နက် ကျူးလွန်မှုအပါအ၀င် ရာဇသတ်ကြီးပုဒ်မ ၄ ခုဖြင့် တရားစွဲထားကြောင်းကျေးဇူး တော်အုပ်ချုပ်ရေးမှူး စောချစ်ဝင်းထူးက ပြောသည်။

ရွှေပဒုမ္မာဆီအုန်းကုမ္ပဏီနှင့် ကျေးဇူး တော်ရွာသားများအကြား စိုက်ပျိုးမြေ ပိုင်ဆိုင်မှု အငြင်းပွားကာ ကုမ်္ပဏီဘက် က ရွာသားများကို မကြာခဏတရား စွဲဆိုနေပြီး ယခုအကြိမ်သည် လေးကြိမ်မြောက် တရားစွဲဆိုခြင်း ဖြစ်ကြောင်း၎င်းင်း က ပြောသည်။

ယခု တရားစွဲဆိုခြင်းမှာ ပြီးခဲ့သည့် ဇူလိုင်က ရွာသားများနှင့် ကုမ္ပဏီတာဝန် ရှိသူကြား ဖြစ်ပွားခဲ့သည့် မြေယာအငြင်းပွားမှု ကိစ္စအတွက် ရေဖြူမြို့နယ်တရားရုံးတွင် တရားစွဲခံထားရခြင်း ဖြစ်ကြောင်း စောချစ်ဝင်းထူးက ပြောသည်။

ဇူလိုင်လအစောပိုင်းတွင် ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ရွာသားများစိုက် ပျိုးထားသည့် အပင်များကို ဆွဲနုတ်ဖျက် ဆီးနေသည်ဟု ရွာသားတစ်ဦးက လာပြော သဖြင့် လိုက်သွားရာ ကုမ္ပဏီတာဝန် ရှိသူနှင့် ကျေးဇူးတော်ရွာသား ၂၀ ခန့်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် ပြဿနာကို အေးချမ်းစွာ ဖြေရှင်းရမည့် ရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏တာဝန်အရ ပြဿနာကို ဤနေရာတွင် မရှင်းရန်၊ ပြန်သွားရန် ကုမ်္ပဏီတာဝန်ရှိသူအား ပြောခဲ့ကြောင်း စောချစ်ဝင်းထူး ကပြောသည်။

ယင်းကိစ္စအတွက် လက်ရှိအချိန် တွင် ပိုင်နက်ကျူးလွန်မှု၊ နာကျင်စေမှု၊ ခြိမ်းခြောက်မှု၊ အားပေးကူညီမှု စသည်တို့ ဖြင့် တရားစွဲဆိုခံထားရကြောင်း စောချစ်ဝင်းထူးက ပြောသည်။

တရားရုံးတွင် ၎င်းတစ်ဦးတည်းသာ တရားရင်ဆိုင်နေပြီး သြဂုတ်လ ၂၈ ရက် ရုံးချိန်းတွင် ကိုယ်တိုင်ခံဝန်ကတိဖြင့် အာမခံယူခဲ့ကြောင်း စောချစ်ဝင်းထူးက ပြောသည်။

ကျန်ရွာသား ၇ ဦးကမူ တရားရုံး သို့ မလာရောက်သောကြောင့် တရားခံ ပြေးအမှုဖြင့် စွဲဆိုခံထားရသည်ဟု ၎င်းင်းက ပြောသည်။

“ကျွန်တော်က အုပ်ချုပ်ရေးမှူးတစ်ဦး အနေနဲ့ မရှင်းပြလည်း မကောင်းဘူး ဆိုတော့ အမှုရင်ဆိုင်နေပါတယ်။ ရွာသား တွေကတော့ သူတို့ ဘာမှမလုပ်ဘဲ အဲလို စွဲတာဆိုပြီး မရင်ဆိုင်ကြဘူး” ဟု စောချစ် ၀င်းထူးက ပြောသည်။

ရွှေပုဒုမ္မာကုမ္ပဏီ တာဝန်ခံ ဦးအောင်ဖြိုး ကမူ ရွာသားများ၏ သစ်ပင်ကို နုတ်ပစ် သည်ဆိုသည်မှာ မဟုတ်ကြောင်း၊ ရွာသား များ စိုက်ထားသည့်သစ်ပင်မရှိကြောင်း၊ ရွာသားများက ဆီအုန်းပင်များကို မီးရှို့ သဖြင့် တားမြစ်ရာ ရွာသားအုပ်စုအလိုက် အကြိမ်ကြိမ် အနိုင်ကျင့်သဖြင့် ဌာနဆိုင် ရာများထံ အကြိမ်ကြိမ်တိုင်ကြားခဲ့ကြောင်း ပြောသည်။

“ရွာသားတွေက အဖွဲ့အစည်းနဲ့ဗျ။ အကြိမ်ကြိမ် အနိုင်ကျင့်တယ်။ အနိုင် ကျင့်ခံရတိုင်း ကျွန်တော်တို့ တိုင်တယ် မြန်မာအစိုးရကို” ဟု ဦးအောင်ဖြိုးက ပြောသည်။

Dawei Watch