တနင်္သာရီတိုင်းအတွင်း H1N1 ကြောင့် သေဆုံးသူမရှိသေး ဟုဆို

0
407

တနသာင်္ရီအတွင်း H1N1 ရောဂါကြောင့် သေဆုံးသူမရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေး/ကုသရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်း ရောဂါသံသယရှိသည့်အတွက် ဓာတ်ခွဲစစ်ဆေးသူ ရှစ်ဦးအနက် H1N1 ပိုးတွေ့သူ လေးဦးရှိပြီး တစ်ဦးသေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းထုတ် သတင်းစာများတွင် ဖော်ပြသည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနစာရင်း တွင်မူ H1N1 ရောဂါသံသယလက္ခဏာ ရှိသူသုံးဦး၏ နှာခေါင်းအတွင်းမှအရည် တစ်မျိုးကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ဓာတ်ခွဲခန်း) သို့ ပေးပို့စစ်ဆေးရာ သံသယလူနာနှစ်ဦး တွင် H1N1 ရောဂါပိုးတွေ့ရပြီး တစ်ဦး တွင် H1N1 အမျိုးအစား B တွေ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါ လူနာများမှာလည်း ရောဂါသက်သာသွားပြီဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြထားသည့် သေဆုံးသူနှင့် ရောဂါပိုးတွေ့သူ အချို့မှာ ရန်ကုန်မြို့တွင်ရောက်ရှိနေ သည့် တနင်္သာရီတိုင်းသားများဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။

“တနင်္သာရီတိုင်းအတွင်းမှာတော့ သေဆုံးတာတစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် တနင်္သာရီတိုင်းလိပ်စာနဲ့ ရန် ကုန်ဆေးရုံမှာ တက်တဲ့လူတော့ရှိတယ်”ဟု ဒေါက်တာထွန်းမင်းက ပြောသည်။

ရာသီတုပ်ကွေး H1N1 တွင် A၊ B ၊ C ၊ D ဟူ၍ အုပ်စုအမျိုးအစား ၄ ခု ရှိပြီး D အမျိုးအစားက လူတွင် ဖြစ်ပွားခြင်း မရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

ရာသီတုပ်ကွေး(H1N1) ရောဂါ လက္ခဏာများမှာ ကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နှင့်အထက်ရှိခြင်း၊ နှာရည် ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်းများဖြစ်ပြီး ယင်းရောဂါ လက္ခဏာများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုခံယူသင့်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် H1N1 ရောဂါ ကြောင့် သေဆုံးသူ ၁၀၀ ကျော်သွားပြီဖြစ် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုဇော်