သဘော့ဆိပ်ကမ်းခြေတွင် ထူးကဲဒီရေကြောင့် အိမ် ၃ လုံး ပျက်စီး

0
675

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာ အောင်ချမ်းသာရပ်ကွက် ကမ်းခြေတွင် ဒီရေတိုက်စားမှုကြောင့် လူနေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ယင်းရွာသားအချို့ထံမှသိရသည်။

သြဂုတ်လ ၃၁ ရက် နေ့လယ်တွင် တက်ခဲ့သည့် ထူးကဲဒီရေကြောင့် နေအိမ် ၁ လုံးက ရေထဲမျောပါသွားပြီး အိမ် ၂ လုံးမှာ ပြိုကျ ပျက်စီးခဲ့ခြင်း ဖြစ်သည်။

အိမ်များအပြင် ကမ်းခြေရှိ အုန်းပင် များလည်း လဲပြိုခဲ့ကြောင်း ရွာသားများ က ပြောသည်။

“ဒီလို ဒီရေတက်တာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အုန်းပင်တွေဆို နှစ် ၃၀ လောက်တောင် ရှိနေပြီ” ဟု သဘော့ ဆိပ်ရွာသား ဦးနွံရှားက ပြောသည်။

ယင်း သဘော့ဆိပ်ရွာရှိ ဒီရေချောင်း ကမ်းပါးတစ်ဝိုက်တွင် ချောင်းရိုးပြောင်း ခြင်း၊ ကမ်းပါးပြိုခြင်း၊ ရေတိုက်စားခြင်း ကြောင့် ဇွန်လမှ သြဂုတ်လအထိ ၃ လ အတွင်း နေအိမ် ၁၅ လုံးပြိုပျက်ခဲ့ကြောင်း ယင်းရွာသားများထံမှ သိရသည်။

ယခု ထူးကဲဒီရေကြောင့်ပျက်စီးခဲ့ သည့် အိမ် ၃ လုံးနှင့် အုန်းပင်များမှာ ထိုချောင်းမှ ကိုက်တစ်ရာခန့် ဝေးသည့် ပင်လယ်ကမ်းခြေတွင် ဖြစ်သည်။

Dawei Watch