ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း (၂-၉-၂၀၁၉ မှ ၈-၉-၂၀၁၉ အထိ)

0
928
Bay-Din

တနင်္ဂနွေ

မိမိ၌ အစီအစဉ်တစ်ခုရှိလျှင် ယခုအချိန်ဆောင်ရွက်က မုချအောင်မြင်မည်။ မိမိအိမ်သို့ရပ်ဝေး ဧည့်သည်များ လာမည်။ လူမျိုးကွဲတို့နှင့် ထိတွေ့ဆက်ဆံမှု ပိုများလာမည်။ ငွေကြေးများစွာဝင်မည့် ကာလဖြစ်သည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား သင်မေတ္တာကမ်းလှမ်းထားသူက သင်လိုချင်သော အဖြေကိုပေးပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ရွှေအိုရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊ အစိမ်းရောင်

မစားသင့်သော အစားအစာ       – ကလီစာများ၊ ပြောင်းဖူး

ယတြာ                               – ပူတင်းမုန့် ဘုရားကပ်လှူပါ။

တနင်္လာ

လူမျိုးကွဲတို့နှင့် ထိတွေ့ဆက်စပ်မှု ပိုများလာမည်။ မြေ ၀င်မည်။ သင်တန်းတက်ရခြင်း၊ ပညာရေး အဆင်ပြေခြင်း ဖြစ်မည်။ ကံကြမ္မာအခွင့်အလမ်းကောင်းခြင်း၊ လုပ်ငန်းများ အဆင်ပြေခြင်း ဖြစ်မည်။ လည်ချောင်း၊ အဆုတ် အအေးပတ်တတ်သည်။ မေတ္တာရေးသည်ကား အချစ်စစ် အချစ်မှန်နှင့် ဆုံစည်းရမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ အပြာရောင်

မစားသင့်သော အစားအစာ       – ကြက်ဥ၊ ဇီးသီး

ယတြာ                                 – နဂါးမောက်သီးကိုခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

ခရီးသွား ရမည်။ သားသမီးရတနာများ ရမည်။ လုပ်ငန်းများ တိုးတက်အောင်မြင်မည်။ သို့သော် လုပ်ငန်းအသစ်များ စတင်ဆောင်ရွက်ရာ၌ ဂရုစိုက်ရမည်။ ပညာရေးအဆင်ပြေမည်။ မတော်တဆ ထိခိုက်မှု ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား အိပ်မက်ကချိုချို အချစ်ကခါးခါး ဖြစ်နေသော ကာလဖြစ်သည်။

အကျိုးပေးသောအရောင်          – အနက်ရောင်၊ ပြောက်ကျား

အကျိုးမပေးသောအရောင်        – အနီရောင်၊ အစိမ်းရောင်

မစားသင့်သော အစားအစာ       – အုန်းနို့၊ ရွှေဖရုံသီး

ယတြာ                                – သင်္ကန်းကပ်လှူခြင်း သို့မဟုတ် အလှူငွေပါဝင်ခြင်းဆောင်ရွက်ပါ။

ဗုဒ္ဓဟူး

အလုပ်အကိုင်များ အောင်မြင်တိုးတက်မည့် ကာလဖြစ်သည်။ အလှူအတန်း ပြုရတတ်သည်။ မိတ်ဆွေများ အထင်လွဲမှုခံရတတ်သည်။ သွား၊ ခံတွင်းနှင့် ပတ်သက်၍ ကျန်းမာရေးဂရုပြု ရမည်။ မေတ္တာရေးသည်ကား အချစ်သည်သင့်အတွက် အိုအေစစ်တစ်ခု ဖြစ်ပါလိမ့်မည်။

အကျိုးပေးသော အရောင်         – ခရမ်းရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ လိမေ်္မ်ာရောင်

မစားသင့်သော အစားအစာ       – အမဲသား၊ ကန်စွန်းဥ

ယတြာ                                – လျှပ်စစ်မီးအတွက်ရည်စူး၍ ဘုရားတွင် ငွေလှူဒါန်းပါ။

ကြာသပတေး

ပညာရပ်ဆိုင်ရာသင်တန်းများ တက်ရတတ်သည်။ ဘာသာရေးကိစ္စများ ဆောင်ရွက်နေရတတ်သည်။ မြေ ၀င်မည်။ ယခုလအတွင်း ကားဝယ်ခြင်း၊ လဲခြင်း မပြုပါနှင့်။ ကျန်းမာရေးစိုးရိမ်စရာ မရှိပါ။ ပညာရေး အညံ့မရှိပါ။ စီးပွားရေး တိုးမည်။ မေတ္တာရေးသည်ကား သင့်ချစ်သူကို သင်အမှန် လက်တွဲခွင့်ရပါမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အပြာရောင်၊ အ၀ါရောင်

မစားသင့်သော အစားအစာ       – အမဲသား၊ ကောက်ညှင်း

ယတြာ                                – ဂန္ဓမာအဖြူကို ဘုရားပန်းအဖြစ် ကပ်လှုပါ။

သောကြာ

သင်သည် အခွင့်အလမ်းတစ်ခုကြောင့် အောင်မြင်တိုးတက်မည့် ကာလဖြစ်သည်။ သင့်အိမ်၌ အလှူမင်္ဂလာများ ပြုရတတ်သည်။ အိုးအိမ်များ ပြုပြင်ရတတ်သည်။ ပညာရေးကတော့ ပိုမိုကြိုးစားရန် လိုအပ်သည်။ ယခုလအတွင်း မီးဖိုဝယ်ခြင်း၊ ဗီရိုဝယ်ခြင်း လုံးဝမပြုလုပ်ပါနှင့်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား နီးတကျက်ကျက်ဝေးတသသ ဖြစ်နေမည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

မစားသင့်သော အစားအစာ       – ဘဲသား၊ ခရမ်းသီး

ယတြာ                                 – သစ္စာပန်း တစ်စည်းဘုရားပန်း ကပ်လှူပါ။

စနေ

ရွှေထည်ပစ္စည်းများ ၀င်မည်။ ပရိဘောဂပစ္စည်းများ ၀င်မည်။ မိမိကို ကူညီမည့် မိတ်ဆွေများ ပေါများမည်။ ယခုလ၌ စက်ပစ္စည်းများ မ၀ယ်ပါနှင့်။ ခရီး သွားရမည်။ မိမိအိမ်၌ အသက်ကြီး သူများ ကျန်းမာရေး သတိထားပါ။ မေတ္တာရေးသည်ကား အချစ်သည်သင့်အတွက် ဆေးတစ်ခွက် ဖြစ်စေလိမ့်မည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – လိမေ်္မ်ာရောင်၊ အစိမ်းရောင်

မစားသင့်သော အစားအစာ       – အုန်းနို့၊ ပူတင်း

ယတြာ                                – ရွှေရင်အေး ဘုရားဆွမ်းတော် ကပ်လှူပါ။

                                                                                                                                          လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Geology)

                                                    ဝေဒလက္ခဏသုတေသီ