ရန်ကုန်-ထားဝယ်လမ်း ဆက်သွယ်မှုပြတ်ချိန် ထိုင်းနိုင်ငံမှ ကြက်ဥ နှစ်သောင်းကျော် တင်သွင်း

0
488

ရေကြီးမြေပြိုမှုများကြောင့် ရန်ကုန်- ထားဝယ်လမ်းပိုင်း ဆက်သွယ်မှုပြတ် တောက်သွားချိန်တွင် ထားဝယ်ဒေသ တွင်စားသုံးရန် ထိုင်းနိုင်ငံမှ ကြက်ဥ အလုံးရေနှစ်သောင်းကျော် တင်သွင်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

အထက်ပါလမ်းပိုင်း ရေကြီးမြေပြို မှုများကြောင့် ဒေသတွင်း ကြက်ဥပြတ် လပ်လုနီးပါးဖြစ်လာပြီး ဈေးတက်လာ ခြင်းကြောင့် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ၀ယ်ယူကာ တင်သွင်းခဲ့ကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။

ထီးခီးနယ်စပ်မှတစ်ဆင့် တင်သွင်း လာသည့် ကြက်ဥအလုံးရေ ၂၃၀၀၀ ခန့် ကို ကားဖြင့်သယ်ဆောင်ခဲ့ရာ ထားဝယ်မြို့သို့ သြဂုတ်လ ၁၆ ရက်ညတွင် ရောက်ရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါကြက်ဥများကို သြဂုတ်လ ၁၇ ရက်မှစတင်ကာ ထားဝယ်မြို့အတွင်း ရှိ နေရာသုံးခုတွင် တစ်လုံးလျှင် ၁၇၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“လက်လီလောက်ပဲ ရောင်းပေးတယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်မြို့အတွင်းရှိ AAA ကုန်စုံ ဆိုင်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဆိုင်ရာ သင်တန်းကျောင်းနှင့် စည်ပင် သာယာဈေး (အပေါ်ဈေး)ရှိ ကြက်ဥ အရောင်းဆိုင်တို့တွင် ရောင်းချနေကြောင်း ၎င်းက ဆိုသည်။

မလွှဲတောင်လမ်းပိုင်းပြတ်နေချိန်အတွင်း ကြက်ဥတစ်လုံးလျှင် ကျပ် ၂၅၀ ခန့်အထိ ဈေးတက်ခဲ့ဖူးပြီး တစ်နေရာ နှင့်တစ်နေရာ ဈေးတူညီခြင်း မရှိပေ။

ထားဝယ်ဒေသအတွင်း ဥစားကြက် မွေးမြူသည့် ကြက်ခြံများရှိသော်လည်း ၀ယ်လိုအားကို ဖြည့်တင်းနိုင်ခြင်း မရှိပေ။

ကိုဇော်