မြေပြိုမှုကြောင့် ရပ်နားထားသည့် ကော့သောင်းလေကြောင်းခရီးစဉ် သြဂုတ် ၂၁ ပြန်ဆွဲမည်

0
428

ရန်ကုန်- ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်တွင် မြေပြိုမှုများကြောင့် ကော့သောင်းသို့ ပျံသန်းနေသည့် လေ ကြောင်းခရီးစဉ်ကို ခေတ္တရပ်နားထားကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ထားဝယ်ဌာနခွဲ တာဝန်ခံ ဦးခိုင်ဇာနည်အောင်က ပြောသည်။

မြေပြိုပြီး ကားလမ်း အသုံးမပြုနိုင် တော့သဖြင့် လေယာဉ်ဆီသယ်ယူ၍ မရခြင်းကြောင့် ထားဝယ်၊ မြိတ် နှင့် ကော့သောင်းတွင် လေယာဉ်ဆီလက်ကျန်နည်းနေပြီဖြစ်ကြောင်း ၎င်းင်းထံမှ သိရသည်။

ထိုကြောင့် ကော့သောင်းခရီးစဉ် ပြေးဆွဲမှုကို သြဂုတ်လ ၁၅ ရက်မှ ၂၀ ရက် အထိ ယာယီရပ်နားထားမည်ဖြစ် ပြီး သြဂုတ်လ ၂၁ ရက်တွင် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ဦးခိုင်ဇာနည်အောင်က ဆိုသည်။

“ထူးခြားအခြေအနေမရှိတော့ဘူး ဆိုရင် ၂၁ ရက်ခရီးစဉ်ပြန်ဆွဲဖို့ လျာထားပြီးပါပြီ ”ဟု  ၎င်းက ဆိုသည်။

ကော့သောင်းခရီးစဉ် ယာယီရပ်နား ထားသော်လည်း ရန်ကုန်-ထားဝယ် ခရီးစဉ်ကို ပုံမှန်အတိုင်းပြေးဆွဲနေမည် ဖြစ်ကြောင်း ဦးခိုင်ဇာနည်အောင်က ပြောသည်။

KBZ လေကြောင်းလိုင်းကမူ ကော့သောင်းခရီးစဉ်ကို ဆက်လက်ပြေးဆွဲမည်ဟု သိရကြောင်း ဦးခိုင်ဇာနည် အောင်က ပြောသည်။

လက်ရှိတွင် ကော့သောင်းခရီးစဉ် ရပ်နားမည့်အကြောင်းကို လေယာဉ်လက်မှတ်ရောင်းသည့် ကိုယ်စားလှယ်များထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ၎င်းက  ဆိုသည်။

MNA လေကြောင်းလိုင်းက ကော့သောင်းခရီးစဉ်ယာယီရပ်နားမည့်အ ကြောင်းကို အကြောင်းကြားလာခြင်း မရှိသေးကြောင်း ထားဝယ်မြို့အခြေစိုက် လေယာဉ်လက်မှတ်ရောင်းချသည့် ကိုယ်စားလှယ်တစ်ဦးက သြဂုတ်လ ၁၄ ရက် ညနေပိုင်းတွင် ပြောသည်။

“အဲဒီရက်တွေအတွက် လက်မှတ် ကြိုရောင်းထားတာမျိုးလည်း မရှိသေးပါ ဘူး”ဟု ၎င်းက ဆိုသည်။

ထားဝယ်- ကော့သောင်းခရီးစဉ်မှာ တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းကျော် ကျသင့်ကြောင်း အထက်ပါကိုယ်စားလှယ်ထံမှ သိရသည်။

Dawei Watch