အခမဲ့ဆေးဝါးအတွက် ကျပ်သိန်း တစ်ထောင် ထပ်မံ သုံးစွဲမည်

0
445

တနင်္သာရီတိုင်းအတွင်းရှိ ကုတင် ၂၀၀ အောက် ဆေးရုံများတွင် အခမဲ့ ဆေးဝါးထောက်ပံ့မှုအတွက် ငွေကျပ်သိန်း တစ်ထောင်ကို နောက်ဆက်တွဲဘတ်ဂျက် အနေဖြင့် သုံးစွဲမည်ကြောင်း တိုင်းဒေသကြီး ကုသရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် အခမဲ့ဆေးနှင့် ဆေးပစ္စည်း များ ၀ယ်ယူရန် ငွေကျပ် ၄၃၂ သန်း သုံးစွဲ ထားပြီးဖြစ်သည်။

ယင်းကဲ့သို့ အခမဲ့ဆေးဝါးအတွက် နောက်ဆက်တွဲအနေဖြင့် ထောက်ပံ့မှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

ကျပ်သိန်းတစ်ထောင်ဖြင့် အခမဲ့ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရန် ဇူလိုင် လ ၂၃ ရက်မှ သြဂုတ်လ ၂၅ ရက်အထိ တင်ဒါခေါ်ယူထားကြောင်း တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာမျိုးသူဇာက ဆိုသည်။

ယင်းဘတ်ဂျက်ဖြင့် လတ်တလော လိုအပ်နေသည့် ဆေးနှင့် ဆေးပစ္စည်းများကို ဦးစားပေးဝယ်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တင်ဒါအောင်ကုမ္ပဏီတွေက နှစ် ပတ်အတွင်း ပစ္စည်းအရောက်ပို့ဖို့ တင်ဒါ စည်းကမ်းချက်မှာ ပါတယ်”ဟု ဒေါက်တာမျိုးသူဇာက ပြောသည်။

တိုင်းအတွင်း ကုတင် ၂၀၀ အောက် ဆေးရုံ ၃၃ ခုတွင် လူနာကုတင်အရေ အတွက် ၇၅၉ လုံးရှိသည်။

ကုတင် ၂၀၀ ဆံ့ ဆေးရုံများကိုမူ ဘတ်ဂျက်ငွေ သီးခြားထောက်ပံ့ပြီး သက်ဆိုင်ရာဆေးရုံ အစီအစဉ်ဖြင့် အခမဲ့ ဆေးဝါးဝယ်ယူသုံးစွဲလျက်ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

ကိုဇော်