ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
683
Bay-Din

၁၉ – ၈ -၂၀၁၉ မှ ၂၅ – ၈ -၂၀၁၉ထိ

တနင်္ဂနွေ

မိခင်၊ ဖခင်များ ကျန်းမာရေး အားနည်းတတ်သည်။ ငွေကြေးနှင့်ပတ်သက်၍ အ၀င်နည်းခြင်း၊ ဆုံးရှုံးခြင်း ဖြစ်တတ်သည်။  တန်ခိုးကြီးဘုရားပုံတော်များ ရရှိတတ်သည်။ အမွေအနှစ်ရရှိ တတ်သည်။ ဆွေမျိုးသားချင်းများ မိမိကို ကူညီမစလိမ့်မည်။ မေတ္တာရေးသည်ကား မိမိမေတ္တာကို ချစ်သူက အကဲဖြတ်နေသောကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – ပန်းရောင်၊ အဖြူရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အပြာရောင်

မသွားသင့်သော အရပ်             – အရှေ့မြောက်အရပ်

ယတြာ                               – သစ်ခွပန်း ဘုရားပန်းအဖြစ် ကပ်လှူပါ။

တနင်္လာ

ဘာပဲလုပ်လုပ် အဆင်ပြေအောင်မြင်နေမည်။ ၀န်ထမ်းဖြစ်က ချီးမြှင့်မြှောက်စားခံရမည်။ သင် ရောင်းရန် ရည်ရွယ်ထားသော လယ်ယာ၊ ယာဉ်များ အရောင်းထွက်မည်။ ခြေထောက် ထိခိုက်ဒဏ်ရာ ရတတ်သည်။ ပညာရေးနှင့်ပတ်သက်၍ အညံ့မရှိပါ။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – အဖြူရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်             – အရှေ့အရပ်

ယတြာ                               – နှင်းဆီအနီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

အင်္ဂါ

ယာဉ် ၀င်မည်။ စပ်တူရှယ်ယာကိစ္စ အဆင်ပြေမည်။ ခရီးသွားရမည်။ ရောင်းမည့်ခြံများ ထွက် မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ ပညာရေးကိစ္စ ကြံတိုင်းအောင်မည်။ လုပ်ငန်းနှင့်ပတ်သက်၍ စိတ်တိုင်းမကျ ဖြစ်ရတတ်သည်။ မေတ္တာရေးသည်ကား အလိုလိုနေရင်း အထင်လွဲခံရတတ်သည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ ပြောက်ကျား

အကျိုးမပေးသော အရောင်       – အနီရောင်၊ လိမ္မော်ရောင်

မသွားသင့်သော အရပ်             – အရှေ့အရပ်

ယတြာ                               – ရွှေသင်္ကန်းအတွက် ရည်စူးငွေ လှူဒါန်းပါ။

ဗုဒ္ဓဟူး

ထီ(သို့မဟုတ်) ထီနှင့်အလားတူ ငွေဝင်မည်။ စိတ်ချမ်းသာရမည့် ကာလ ဖြစ်သည်။ သင်တန်း တက်ရခြင်း၊ ပညာရေး အဆင်ပြေခြင်း ဖြစ်မည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေး သည်ကား အချစ်စစ်၊ အချစ်မှန်နှင့် ဆုံစည်းရမည်။

အကျိုးပေးသော အရောင်         – ပြောက်ကျား၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်             – အရှေ့တောင်အရပ်

ယတြာ                               – တရားပွဲများ၌ တရားနာရင်း အလှူငွေထည့်ပါ။

ကြာသပတေး

မြေ၀င်မည်။ တန်ခိုးကြီးဘုရားပုံတော်များ ၀င်မည်။ နိုင်ငံရပ်ခြား ကိစ္စများ အဆင်ပြေမည်။ ၀မ်း၊ ရင် ဥပါဒ်ပေးတတ်သည်။ ပညာရေး အဆင်ပြေမည်။ လုပ်ငန်းသစ်များ လုပ်ရတတ်ခြင်း အဆင်ပြေခြင်း ဖြစ်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရန် စောင့်စားရဦးမည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်             – အရှေ့မြောက်အရပ်

ယတြာ                               – သစ်ခွပန်း ဘုရားပန်းအဖြစ် ကပ်လှူပါ။

သောကြာ

ခရီးမသွားသင့်သော ကာလမျိုး ဖြစ်၏။ လှပသော နာရီ၊ ဆုတံဆိပ်များ ၀င်တတ်သည်။ မိမိ အကြံအစည်များ အောင်မြင်မည့် ကာလ ဖြစ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေး သည်ကား ချစ်သူနှင့် စိတ်ကောက်ရတတ်သောအခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အ၀ါရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ ပန်းရောင်

မသွားသင့်သော အရပ်             – အနောက်အရပ်

ယတြာ                               – မွေးနေ့၌ သက်သက်လွတ် စားပါ။

စနေ

စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ အလှူအတန်းများ ပြုလုပ်ရတတ်သည်။ ဘာပဲလုပ်လုပ် လုပ်ငန်းများ အောင်မြင်မည်။ ပညာရေး လိုရာခရီး ရောက်မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ ငွေကြေး ဆုံးရှုံးတတ်သည်။ မေတ္တာရေးသည်ကား ခုချစ်လိုက်၊ ခုမချစ်လိုက် ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်            – မြောက်အရပ်

ယတြာ                               – မုန့်ဖက်ထုပ်ကို ဘုရားဆွမ်းတော် ကပ်လှူပါ။  

  လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                 ဆရာရွှေစင်မြတ်(Grology)

                                                    ဝေဒလက္ခဏသုတေသီ