ရွှေတစ်ကျပ်သား ကျပ် ၁၂ သိန်းကျော်

0
1023

ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးများပါ မြင့်တက် လာခဲ့ပြီး အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်ဆယ့်နှစ်သိန်းကျော်ထိ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း ထားဝယ်ရွှေ ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

မေလ နောက်ဆုံးအပတ်တွင် ကျပ် ၁၀၄၀၀၀၀ ၀န်းကျင်၊ ဇွန်လနောက်ဆုံး အပတ်တွင် ကျပ် ၁၁၀၅၀၀၀ အထိ၊ ဇူလိုင် လ နောက်ဆုံးအပတ်တွင် ကျပ် ၁၁၄၀၀၀၀ ကျော်အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

သြဂုတ်လ ၇ ရက်တွင်  အခေါက် ရွှေတစ်ကျပ်သားလျှင် ဆယ့်နှစ်သိန်း ကျော်အထိ မြင့်တက်လာခဲ့သည်ဟု ရွှေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရွှေဈေးသည် ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် အနည်းငယ် ဈေးကွာဟမှု ရှိသည်။

ရွှေဈေးမြင့်တက်သည့်အတွက် အချို့ဆိုင်များတွင် အရောင်းအ၀ယ်အနည်းငယ်အေးသွားေ သ်ာလည်း အချို့ဆိုင်များတွင် ပုံမှန်အရောင်အ၀ယ်ဖြစ်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

Dawei Watch