ထွေအုပ်ဝန်ထမ်းနေရာ လေးဆယ်ကျော် အလုပ်ခေါ်

0
1061

တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လစ်လပ်နေရာ လေးဆယ်ကျော်အတွက် ၀န်ထမ်း ခေါ်ယူထားကြောင်း တိုင်းထွေအုပ်ရုံးထံမှ သိရသည်။

တိုင်းထွေအုပ်တွင် လစ်လပ်နေသည့် အငယ်တန်းစာရေး ၁၀ ဦး၊ ဒုလက် ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ၂ ဦး၊ စာတွဲထိန်း ၂ ဦး၊ ရုံးအကူ ၂၆ ဦးနှင့် စာပို့ ၃ ဦးနေရာများအတွက် ၀န်ထမ်း ခေါ်ယူနေခြင်း ဖြစ်သည်။

အထက်ပါရာထူးနေရာအားလုံး အတွက် လျှောက်ထားသူသည် သြဂုတ် လ ၃၁ ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၀ နှစ် ထက်မကြီးသူဖြစ်ရမည်ဖြစ်ပြီး  ဌာနတွင် အနည်းဆုံး ၂ နှစ်တာဝန်ထမ်း ဆောင်ရမည်ဟု အလုပ်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ယင်းလစ်လပ်နေရာများကို လျှောက် ထားလိုပါက ထားဝယ်ခရိုင် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် စာရင်း ပေးပို့၍ လျှောက်လွှာများကို တိုင်းထွေ အုပ်ရုံးထံ သြဂုတ်လ ၂၃ ရက် နောက်ဆုံးထားလျှောက် ထားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးထွေအုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်က ဆိုသည်။

Dawei Watch