ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
1194
Bay-Din

၁၂-၈-၂၀၁၉ မှ ၁၈-၈-၂၀၁၉ထိ

တနင်္ဂနွေ

လုပ်ငန်းသစ်များ စတင်လုပ်ဆောင်ခြင်း၊ လုပ်ငန်း၌ အခက်အခဲဖြစ်ခြင်းများ ကြုံရတတ်သည်။ ယခုလ၌ ငွေချေးငှားခြင်း၊ ငွေကြေးကိစ္စများအခက်အခဲဖြစ်တတ်၏။ ကျောင်းသား၊ ကျောင်းသူများ ပညာရေး ကောင်းခြင်း၊ အင်တာဗျူးဖြေခြင်း အဆင်ပြေမည်။ စက်ပစ္စည်းများ ၀င်မည်။ မိမိအပေါ် မကူညီမည့်သူ တွေ့ရမည်။ မေတ္တာရေးသည်ကား အချစ်သည် ချိုတစ်လှည့်ခါးတစ်လှည့် ဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အနီရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အစိမ်းရောင်

အကျိုးပေးသော ဂဏန်းများ      – ၄၊ ၀၊ ၉ ပါသော ဂဏန်းများ

ယတြာ                     – သစ်သီးကိတ်မုန့်ကို ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ

အလုပ်လျှောက်ထားသူများ အလုပ်ရမည်။ သားသမီးရတနာ ရမည်။ ယခုလအတွင်း၌ မြေမ၀ယ် သင့်သေးပါ။ ကြာသပတေးသားသမီးများ သင့်ကို အကျိုးပေးလိမ့်မည်။ ကျောင်သား၊ ကျောင်းသူများ သင်တန်းတက်ရခြင်း၊ စာမေးပွဲဖြေခြင်းများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား သင်မျှော်လင့်နေသော အဖြေကို ရရှိမည်။

အကျိုးပေးသော အရောင်         – ရွှေရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊ လိမ္မော်ရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၄၊ ၀ ပါသော ဂဏန်းများ

ယတြာ                     – သစ္စာပန်းတစ်စည်း ဘုရားပန်း ကပ်လှူပါ။

အင်္ဂါ

ရွှေထည်ပစ္စည်းများ ၀င်မည်။ စီးပွားဥစ္စာ တိုးမည်။ လှပသော ပန်းချီကား ဓာတ်ပုံများဝင်မည်။ ပြည်တွင်း ခရီးများ သွားရမည်။ ပညာရေး ကောင်းပါသည်။ မတော်တဆ ထိခိုက်တတ်သဖြင့် အသွားအလာ သတိထားပါ။ မေတ္တာရေးသည်ကား သင်မျက်နှာ မများမိစေရန် ဂရုစိုက်ပါ။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၄၊ ၀၊ ၆ ပါသော ဂဏန်းများ

ယတြာ                     – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

ဗုဒ္ဓဟူး

ငွေကြေးများစွာ ၀င်လာမည်။ သင့်ကောင်းသတင်းများ ထင်ပေါ်မည်။ မော်တော်ကား ၀င်မည်။ သင့် အိမ်၌ စက်ပစ္စည်းများ ခဏခဏ ဒုက္ခပေးတတ်သည်။ အကြံကောင်း၊ ဥာဏ်ကောင်းများနှင့် အောင်မြင်မည့် အချိန်ဖြစ်၏။ မတော်တဆ ထိခိုက်တတ်၏။ မေတ္တာရေးသည်ကား သင့်အတွက် ကြည်နူးရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ ခရမ်းရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အနီရောင်

အကျိုးပေးသော ဂဏန်းများ      – ၁၊ ၃၊ ၆၊ ၉ ပါသော ဂဏန်းများ

ယတြာ                     – ပန်းသစ်တော်သီးကို အစိတ်စိတ်ပြု၍ ဆွမ်းတော် ကပ်လှူပါ။

ကြာသပတေး

အိပ်မက်ကောင်းများ မက်မည်။ နိုင်ငံရပ်ခြား ခရီးများသွားရမည်။ လူငယ်များ ကံကောင်းမည့်ကာလ ဖြစ်၏။ စီးပွားဥစ္စာများ တိုးမည်။ ယခုလ၌ တယ်လီဖုန်း မ၀ယ်ပါနှင့်။ ကျန်းမာရေး စိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ခါးသီးမှုများ ကြုံရတတ်သောအခါ ဖြစ်၏။

အကျိုးပေးသော အရောင်         – အ၀ါရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၂၊ ၄၊ ၇ ပါသော ဂဏန်းများ

ယတြာ                     – ပန်းတိမ်ငိုပန်း ဘုရားကပ်လှူပါ။

သောကြာ

အလှူဒါနပြုရခြင်းများ ဖြစ်ပေါ်မည်။ လာဘ်လာဘ တိုးမည်။ မိတ်ဆွေများ အထင်လွဲခံရတတ်သည်။ ခါးနာတတ်သည်။ ယခုလ၌ ယာဉ်လဲလှယ်ခြင်း၊ ရောင်းဝယ်ခြင်းများ မပြုလုပ်သင့်ပါ။ ခရီးဝေးသွား ရခြင်း၊ လုပ်ငန်းသစ်များ စတင်ရခြင်း ကောင်းသည်။ မေတ္တာရေးသည်ကား နီးတကျက်ကျက် ဝေးတသသ ဖြစ်နေမည်။

အကျိုးပေးသော အရောင်         – အနီရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အဖြူရောင်

အကျိုးပေးသော ဂဏန်းများ      – ၃၊ ၆၊ ၄၊ ၇ ပါသော ဂဏန်းများ

ယတြာ                     – စုံပဒတ်သီးကို အစေ့ထုတ်၍ အသားသက်သက် ဘုရားဆွမ်းတော်

                               ကပ်လှူပါ။

စနေ

ဝန်ထမ်းဖြစ်လျှင် ရာထူးတိုးတက်ခြင်း၊ လုပ်ငန်းများ အောင်မြင်ခြင်း ဖြစ်မည်။ ငွေကြေး အထွက်များခြင်း၊ ဆုံးရှုံးတတ်ခြင်း ဖြစ်တတ်၏။ အင်္ဂါသားသမီးများ၏ ကူညီမစခြင်း ခံရမည်။ အကယ်၍ သင်သည် အခက် အခဲကြုံနေလျှင် ထိုကိစ္စ အဆင်ပြေသွားမည်။ သွေးတိုးရောဂါ သတိပြုပါ။ မေတ္တာရေးသည်ကား အစွဲလန်း ကြီးတတ်သော သင့်စိတ်ကို ပြုပြင်ပါ။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အစိမ်းရောင်

အကျိုးမပေးသာ အရောင်         – အနီရောင်၊ လိမ္မော်ရောင်

အကျိုးပေးသော ဂဏန်းများ      – ၃၊ ၆၊ ၀ ပါသော ဂဏန်းများ

ယတြာ                     – မေမြို့ပန်း ဘုရားပန်း ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

ဆရာရွှေစင်မြတ်(Geology)

ဝေဒလက္ခဏသုတေသီ