ရန်တောင်ရွာတွင် အလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပမည်

0
651

သရက်ချောင်းမြို့နယ် ရန်တောင် ကျေးရွာတွင် ချစ်ကြည်ရေးဖိတ်ခေါ် ဖလား အမျိုးသား အလွတ်တန်းဘောလုံး ပြိုင်ပွဲကို သြဂုတ်လ ၇ ရက်မှစတင်ကာ ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက် ရေးကော်မတီထံမှ သိရသည်။

ယင်းပြိုင်ပွဲကို ရန်တောင်ကျေးရွာ ဘောလုံးကွင်းတွင်ကျင်းပမည်ဖြစ်ပြီး  ကျေးရွာပေါင်း ၇ ရွာမှ အသင်း ၈ သင်း သာ လာရောက်စာရင်းပေးထားသေး သည်ဟု အထက်ပါကော်မတီ၏ ဦးစီးနာယက အရှင်ဦးသုမဏက မိန့်ကြားသည်။

အဆိုပါပြိုင်ပွဲတွင် ရန်တောင်၊ ကင်းရှေ့၊ သရက်နှစ်ခွ၊ ကြာအင်း၊ ညောင်ဇင်၊ သင်းကျွန်း၊ ပန်းပြင်ကျေးရွာများ ပါဝင်ကြမည် ဖြစ်သည်။

မိုးမြင့်