ဗိုလ်ရာညွန့်ကျွန်းတွင် သဲစုပ်ကာ ကမ်းခြေဖို့ရန် ခွင့်ပြုထားခြင်း မရှိ

0
751

ကော့သောင်းမြို့နယ်၊ ညောင်ဝိကျွန်း အနီးရှိ ဗိုလ်ရာညွန့်ကျွန်းတွင် လုပ်ကိုင်ခွင့်ပြုထားသည့် ကုမ္ပဏီအား သဲစုပ်ကာ ကမ်းခြေဖို့ရန် ခွင့်ပြုထားခြင်း မရှိဟု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောသည်။

ယင်းကျွန်းတွင် (AMAIA) ကုမ္ပဏီအားBOT စနစ်ဖြင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်ခွင့် နှစ် ၅၀ ခွင့်ပြုပေး ထားပြီးဖြစ်သော်လည်း သဲစုပ်ခွင့်မပြုထားဟု ၀န်ကြီး ဦးလှထွေးက ပြောသည်။

“သဲစုပ်ဖို့ ခွင့်ပြုထားတာ မရှိဘူး”ဟု ၀န်ကြီးက ပြောသည်။

ဒေသခံအချို့ကမူ ကျွန်းအနီးမှ သဲများကို စုပ်ယူကာ ကျွန်းကမ်းခြေတွင် ပြန်ဖို့နေသည်များကို ကုမ္ပဏီက လုပ် ဆောင်နေကြောင်း တနင်္သာရီအပတ်စဉ်သို့ ဓာတ်ပုံမှတ်တမ်းနှင့်တကွပေးပို့ ပြောဆို ကြသည်။

ယင်းသို့ ပြုလုပ်ခြင်းကြောင့် သဲစုပ်သည့်နေရာတွင် ဂေဟစနစ် ပျက်စီးကာ သားငါးများ မရှိတော့ခြင်း၊ သဲပြန်ဖို့ သည့်နေရာတွင်လည်း သန္တာကျောက်တန်းများ ပျက်စီးကာ သားငါးများ အခြားသို့ ပြောင်းရွှေ့သွားခြင်းကြောင့် ဆလုံနှင့် ဒေသခံတိုင်းရင်းသားတို့ သား ငါးရှာဖွေဖမ်းဆီးရမိမှု နည်းပါးသွားနိုင်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

Dawei Watch