ပလနှင့် တနင်္သာရီတွင် တိုက်နယ်ဆေးရုံ ဆောက်မည်

0
516

လာမည့်ဘဏ္ဍာရေးနှစ်အတွင်း ပလမြို့နှင့် တနင်္သာရီမြို့နယ်ညောင်ပင် ကွင်းကျေးရွာတို့တွင် ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနထံမှ သိရသည်။

ပလမြို့တွင် တိုက်နယ်ဆေးရုံအဟောင်းရှိသော်လည်း စံချိန်စံညွှန်းနှင့်မကိုက်ညီခြင်း၊ ဟောင်းနွမ်းယိုယွင်းလာ ခြင်း၊ ဆေးရုံအင်္ဂါရပ်တို့နှင့် မကိုက်ညီ ခြင်းတို့ကြောင့် အသစ်တည်ဆောက်ခြင်း ဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။

“အရင်က ဆေးရုံအဟောင်းတွေ ရှိတယ်။ ဒါပေမယ့် စံမကိုက်ဘူး။ ဆေးရုံ အဆောက်အဦတွေက ဟောင်းနွမ်းယို ယွင်းနေပြီပေါ့၊ လက်ရှိလူနာအနေ အထားနဲ့ဆိုရင်လည်း လူနာတွေကျယ် ကျယ်ဝန်းဝန်းနဲ့ သန့်သန့်ရှင်းရှင်းနေနိုင်အောင်လို့ ရည်ရွယ်ပြီးဆောက်တာ”ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း ကျေးရွာတွင်မူ တိုက်နယ်ဆေးရုံမရှိသေး သောကြောင့် တည်ဆောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုယ်နယ်ဆေးရုံတစ်ခုလျှင် ကျပ်သိန်းပေါင်း ၆၅၀၀ အသုံးပြုကာ တည်ဆောက်မည်ဖြစ်ပြီး ၀န်ကြီးဌာနထံသို့ ဘတ်ဂျက်တင်ပြတောင်းခံထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်