မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန် – မြိတ် လေယာဉ် လေကာမှန် အက်ကွဲ

0
1266

ရန်ကုန်မှ မြိတ်သို့ ပျံသန်းခဲ့သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး လေကာမှန် အက်ကွဲ ခဲ့သဖြင့် အခြားလေယာဉ်ဖြင့် အစားထိုးခဲ့ရကြောင်း မြိတ်လေဆိပ်ထံမှ သိရသည်။

သြဂုတ်လ  ၃ ရက် နံနက် ၉ နာရီခန့် တွင် မြိတ်လေဆိပ်သို့ဆင်းသက်လာသည့် ATR 72 အမျိုးအစား XY-AMJ လေယာဉ်တွင် လေယာဉ်ဦးပိုင်းရှေ့ညာ ဘက်လေကာမှန်ကွဲအက်နေ သည်ကို သိရှိခဲ့ရကြောင်း မြိတ်လေဆိပ်တာဝန် ရှိသူတစ်ဦးက ပြောသည်။

“လေပရက်ရှာ(လေဖိအား)ပြင်းထန် တာကြောင့် မှန်အက်သွားတာပါ”ဟု အဆိုပါတာဝန်ရှိသူ ကပြောသည်။

ယင်းလေယာဉ်တွင် ခရီးသည် ၁၃ ဦး လိုက်ပါလာခဲ့ပြီး ဘုတ်ပြင်းသို့သွား ရောက်မည့် ခရီးသည်တချို့ကို အခြား လေယာဉ်ဖြင့် အစားထိုးပို့ဆောင်ပေးခဲ့ကြောင်း မြိတ်လေဆိပ်ထံမှ သိရသည်။

လေကာမှန်အက်ကွဲခဲ့သည့်လေယာဉ် သည် မြိတ်လေဆိပ်တွင် တစ်ညအိပ် ရပ်နားမည် ဖြစ်ကြောင်း မြိတ်လေဆိပ်ထံမှ သိရသည်။

ကိုဆန်း