တနင်္သာရီတိုင်းတွင်ငလျင်ဘေးတုံ့ပြန်ရေး အရှိန်မြှင့်လေ့ကျင့်မည်

0
513

တနင်္သာရီတိုင်းအတွင်း ငလျင်နှင့် ပတ်သက်ပြီး ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း ငလျင်ဘေး အန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးသဏ္ဌာန် တူလေ့ကျင့်ခန်းများ အရှိန်ုမြှင့်လေ့ကျင့် သွားရန် အစီအစဉ်ရှိကြောင်း တနင်္သာရီတိုင်း ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ရာသီအလိုက် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူလေ့ကျင့်ခန်းများကို သုံးလလျှင် တစ်ကြိမ်ခန့် လုပ်ဆောင်ရန် စီစဉ်ထားပြီး ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်ရေးကိုလည်း ယင်းလေ့ကျင့်ခန်းအတွင်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးသန်းထွဋ်ဦးက ပြောသည်။

“သဘာဝဘေးတွေနဲ့ပတ်သက်ပြီး အရင်ကထက် အရန် မီးသတ်တပ်ဖွဲ့တွေနဲ့ သန္ဓေတပ်သား(မီးသတ်တပ်သား) အင်အား ပေါင်းပြီး မြို့နယ်အဆင့်တွေ အထိ အရှိန် မြှင့်ပြီးဆောင်ရွက်ဖို့ ရှိတယ်။ အဲဒီလေ့ကျင့် ခန်းတွေထဲမှာ ငလျင်နဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေထည့်သွင်းပြီး လေ့ကျင့် သွားမှာ”ဟု ဦးသန်းထွဋ်ဦးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ယျေဘုယျအားဖြင့် ငလျင်ကြောမရှိဟုဆိုသော်လည်း ငလျင်နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိထားစေရန် ယင်းကဲ့သို့ ဇာတ်တိုက်လေ့ကျင့်မှုများ ပိုမိုလုပ် ဆောင်သင့်ကြောင်း ဘေးအန္တရာယ် လျှော့ချရေး စီမံကိန်း(Disaster Risk Reduction and Resilience)ညှိနှိုင်းရေးမှူး ဦးအောင်ကျော်စိုးက ပြောသည်။

လူအများသည် နေရာတစ်ခုတည်းတွင် အမြဲတမ်းနေထိုင်လေ့မရှိဘဲ ရွှေ့ပြောင်းသွားလာနေကြသူများ ဖြစ်သောကြောင့် လူတိုင်းသည် ငလျင်ဘေးအန္တရာယ် ဆိုင်ရာ ဗဟုသုတများရှိထားသင့်ကြောင်း ၎င်းက ပြောသည်။

ဘေးအန္တရာယ်လျှော့ချရေးကိုလုပ် ဆောင်ခြင်းသည် ဘေးဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ဦးအောင်ကျော်စိုးက ပြောသည်။

Dawei Watch