၅-၈-၂၀၁၉ မှ ၁၁-၈-၂၀၁၉ထိ
တနင်္ဂနွေ
မြေ၀င်မည်။ ယခုကာလ၌ ကားမ၀ယ်သင့်ပါ။ အလုပ်ထဲ၌ စိတ်ပင်ပန်းရတတ်သည်။ ပညာသင်ခြင်း ကိစ္စများ အဆင်ပြေမည်။ မျက်စိကျန်းမာရေး ဂရုပြုပါ။ မိမိချစ်သောသူ၊ မိတ်ဆွေများနှင့် ခွဲခွာရတတ်သည်။ မိမိအိမ်၌လည်း စိတ်ပင်ပန်းရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မေတ္တာကမ္ဘာ တစ်ခု တည်ဆောက်နိုင်မည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – ဇီးရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – ကောက်ညှင်း၊ ဆိတ်သား
ယတြာ – မုန့်ဖက်ထုပ် ဘုရားဆွမ်းတော်ကပ်လှူပါ။
တနင်္လာ
စက်ပစ္စည်းများ မိမိကို ဒုက္ခပေးတတ်သည်။ ယခုလ၌ မြေမ၀ယ်သင့်ပါ။ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း များမည်။ အင်တာဗျူး၊ စာမေးပွဲ ဖြေသူများ အဆင်ပြေကြမည်။ ယခုကာလ၌ ယာဉ် ၀ယ်ခြင်း၊ ရွှေဝင်ခြင်း ဖြစ်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။ မေတ္တာရေးသည်ကား သင်နှင့်ချစ်သူကြားမှာ မေတ္တာပန်းများ လန်းဆန်းဝေဖြာနေမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – ခဲပုပ်ရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ – ငါးချဉ်၊ မှို
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်း ကပ်လှူပါ။
အင်္ဂါ
ရွှေထည်ပစ္စည်း ၀င်မည်။ လူချစ်လူခင် ပေါများမည်။ ရေလမ်းခရီး(သို့) နိုင်ငံခြားခရီး သွားရတတ်သည်။ ငွေကြေးကတော့ ထွက်ငွေ များနေတတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ နားကျန်းမာရေး သတိထားပါ။ မေတ္တာရေးသည်ကား စိတ်ချမ်းမြေ့ ပျော်ရွှင်ရမည်။
အကျိုးပေးသော အရောင် – ပြောက်ကျားရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – ပန်းရောင်၊ လိမ္မော်ရောင်
မစားသင့်သော အစားအစာ – မှို၊ ခရုပင်လယ်စာ
ယတြာ – ဘုရားတစ်ဆူဆူ၌ လျှပ်စစ်မီးအတွက် ရည်စူးငွေ လှူဒါန်းပါ။
ဗုဒ္ဓဟူး
နိုင်ငံရပ်ခြား ခရီးသွားမည့်ကိစ္စရှိလျှင် ထိုကိစ္စ အဆင်ပြေမည်။ ငွေကြေးများ စုပုံဝင်လာမည်။ ထီ ကံစမ်းပါ။ အသိပညာရှင် အတတ်ပညာရှင်များ၏ မစကူညီမှု ခံရမည်။ စက်ပစ္စည်းများ ဒုက္ခပေး တတ်သည်။ လျှပ်စစ်ဝါယာကြိုးများပျက်လျှင် ပြုပြင်ပါ။ မေတ္တာရေးသည်ကား သင့်မေတ္တာကို ချစ်သူအား ဖွင့်ပြောရန် အကောင်းဆုံးကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – ပြောက်ကျားရောင်၊ ရွှေအိုရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ လိမ္မော်ရောင်
မစားသင့်သော အစားအစာ – ဒူးရင်းသီး၊ ချဉ်ပေါင်
ယတြာ – အရဟံဂုဏ်တော် ၆ ပတ် ပုတီးစိပ်ပါ။
ကြာသပတေး
ပညာရေးကိစ္စ အဆင်ပြေမည်။ အမွေအနှစ် ရရှိတတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်စရာ မရှိပါ။ တယ်လီဖုန်းပျက်ခြင်း(သို့) ရွှေထွက်ခြင်း ဖြစ်တတ်သည်။ လုပ်ငန်း အပြောင်းအလွဲ ဖြစ်တတ်သော ကာလ ဖြစ်၏။ မေတ္တာရေးသည်ကား ဖြစ်ချင်တာနဲ့ ဖြစ်လာတာ အနည်းငယ် ကွဲလွဲတတ်၏။
အကျိုးပေးသော အရောင် – အနီရောင်၊ အ၀ါရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ ခရမ်းရောင်
မစားသင့်သော အစားအစာ – မျှစ်၊ အသုပ်အမျိုးမျိုး
ယတြာ – မိမိနှစ်သက်သော သစ်သီး ၃ မျိုးကို ဆွမ်းတော်ကပ်လှူပါ။
သောကြာ
အမွေအနှစ်ရရှိတတ်သော ကာလဖြစ်၏။ တန်ဖိုးကြီး ဘုရားပုံတော်များ လက်ဆောင်ရမည်။ သင်တန်း တက်ခြင်း၊ စာမေးပွဲဖြေခြင်းကိစ္စများ အဆင်ပြေမည်။ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်ရ တတ်၏။ နေရာဌာန လုပ်ငန်းအပြောင်းအရွှေ့ ဖြစ်ရတတ်၏။ မေတ္တာရေးသည်ကား ချစ်သူနှင့် မိမိကြားမှာ အနှောင့်အယှက် တစ်ခုပေါ်တတ်၏။
အကျိုးပေးသော အရောင် – အနက်၊ အ၀ါရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ ပန်းရောင်
မစားသင့်သော အစားအစာ – ဒူးရင်းသီး၊ ကလီစာများ
ယတြာ – ဘုန်းကြီးကျောင်း ပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်းတို့၌ အလှူငွေ ပါဝင်ပါ။
စနေ
စိန်ထည်ပစ္စည်းများ ၀င်မည်။ လုပ်ငန်းသစ်များ စတင်လုပ်ဆောင်လျှင် အောင်မြင်တတ်သောအခါ ဖြစ်၏။ လူမျိုးခြား၊ ဘာသာခြားတို့နှင့် ဆက်နွှယ်သော ကိစ္စများ အဆင်ပြေမည်။ သွားကိုက်၊ သွားနာဝေဒနာ ဖြစ်တတ်သည်။ ငွေကြေးများ အထွက်များနေတတ်၏။ မေတ္တာရေးသည်ကား ချစ်သူကို မျှော်တော်ယောင်ဘ၀ မှာပင် ရှိသေး၏။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အ၀ါရောင်
မစားသင့်သော အစားအစာ – ဆူးပုပ်ရွက်၊ အာလူး
ယတြာ – ဘုရားတစ်ဆူဆူ၌ လျှပ်စစ်မီးအတွက် ရည်စူးငွေလှူဒါန်းပါ။
လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ