မြိတ်တွင် ပလပ်စတစ်အိတ် လျှော့ချရေး စက္ကူအိတ်များ စမ်းသပ် ထုတ်လုပ်

0
992

ပလပ်စတစ်အိတ်နှင့် ကြွပ်ကြွပ် အိတ်သုံးစွဲမှု လျော့ကျလာစေရေးအတွက် မြိတ်တွင် စက္ကူအိတ်များကို စမ်းသပ် ထုတ်လုပ်လျက် ရှိသည်။

ကွမ်းသီးဘုတ်ဖက်မှ အစားအသောက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ခဲ့သည့် ဦးသန်းဇော်ဦးကပင် စက္ကူအိတ်များကို စမ်းသပ်ထုတ်လုပ်နေခြင်း ဖြစ် သည်။

ဦးသန်းဇော်ဦးသည် ရေသန့်ဘူးခွံ မှ တံမြက်စည်းကိုလည်း  ထုတ်လုပ်လျက် ရှိသည်။

“ကြွပ်ကြွပ်အိတ်နဲ့ စာရင် တန်ဖိုးနည်း နည်း မြင့်သွားတာပေါ့။ အဲဒါကိုထည့် မတွက်ဘဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း မယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ အသုံးပြု မယ် ဆိုရင်တော့ အဆင်ပြေလာမှာပါ”ဟု ဦးသန်းဇော်ဦး က ပြောသည်။

စက္ကူအိတ်ကို သတင်းစာ၊ ဂျာနယ် စက္ကူများဖြင့် ပြုလုပ်ထားပြီး ကြိုးကိုမူ အုန်းဆံကြိုးဖြင့် တပ်ဆင်ထားခြင်း ဖြစ်သည်။

တစ်အိတ်လျှင် ကျပ် ၁၂၀ ၀န်းကျင် ကျသင့်မည်ဖြစ်ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

နေ့စဉ်လူအများအသုံးပြုနေသည့် ကြွပ်ကြွပ်အိတ်များကြောင့် သဘာဝပတ်ဝန်းကျင် မြေပေါ်မြေအောက် ထိခိုက်မှု ရှိနေသည့်အတွက် စက္ကူအိတ်များ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် အခြေခံလူတန်းစားများ အိမ်တွင်း အလုပ်အကိုင်အခွင့်လမ်းပေါ်လာပြီး ၀င်ငွေတိုးလာရန်လည်း ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

ယင်းစက္ကူအိတ်များကို အ၀တ်အထည် သို့မဟုတ် ပေါ့ပါးသောပစ္စည်းများ ရောင်းချသည့်ဆိုင်များတွင် အသုံး ပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်ကြောင်း ဦးသန်းဇော်ဦးထံမှ သိရသည်။

ကိုဆန်း