ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင် များအသင်း ယခင် ဥက္ကဋ္ဌ ပြန်ရွေးခံရ

0
545

ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ရာ ယခင်ဥက္ကဋ္ဌ ဖြစ်သူက ပြန်အရွေးခံရကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

အထက်ပါအသင်း၏ အလုပ်အမှု ဆောင်အဖွဲ့ ရွေးချယ်ခြင်းကို ဇူလိုင်လ ၂၁ ရက်က ပြုလုပ်ခဲ့သည်။

ခရိုင်ခရီးသွားလုပ်ငန်းရှင်အသင်း၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-၁၊ ဒုဥက္ကဋ္ဌ ၂ ၊ အတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေး မှူးနေရာများအတွက် မဲပေးရွေးချယ်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ယခင်ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူ ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

အထက်ပါ ရာထူးနေရာများ၏ သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး ရွေးချယ်ရာတွင် လျှို့ဝှက်မဲစံနစ်ဖြင့်  ရွေးချယ်ခဲ့ ကြောင်း ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။

၎င်း၏ ပထမသက်တမ်းတွင် လောင်းလုံးဘုတ်ကျွန်းပြန်ဖွင့်ရန် တောင်းဆို ခြင်း၊ ဒေသထွက် ငပိပြိုင်ပွဲနှင့် ထားဝယ် ရိုးရာ ဈေးရောင်းပွဲကျင်းပခြင်း၊ ဘုတ်ကျွန်းသို့သွားလည်ခွင့်ရချိန်တွင် စည်းကမ်း တကျဖြစ်စေရန် ဆောင်ရွက်ခြင်း၊ စမ်းလှမ်း CBT အကောင်အထည်ဖော်ခြင်း အစရှိသည့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“အခုသက်တမ်းမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေဖို့ ဘုတ်အဖွဲ့နဲ့ တိုင်ပင်ပြီး ဆက်လုပ်သွားမယ်”ဟု ဒေါ်မိုးမိုးသူက ဆိုသည်။

ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၃၀ ကျော် ရှိသည်။

ကိုဇော်