ကျွန်းစုတွင် ဒေသသင်ရိုးအဖြစ် ဓနိဖက်ထိုးပြိုင်ပွဲ ကျင်းပ

0
744
ဓာတ်ပုံ - အထကခွဲ တောနောက်လယ်

ကျွန်းစုမြို့နယ်၊ သန္တုတ်ကျေးရွာ အုပ်စု တောနောက်လယ်ရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းခွဲတွင် ဒေသသင်ရိုးအဖြစ် အိမ်မိုးဓနိဖက်ထိုးပြိုင်ပွဲကို ပြုလုပ်ခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ထံမှ သိရသည်။

ကျောင်းရှိ နမ၀တန်းကျောင်းသား ၃၀ ဦးကျော်အား အုပ်စုငါးစုခွဲပြီး ဖက်ထိုးပြိုင်ပွဲအဖြစ် ဇူလိုင်လ ၂၃ ရက်က ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ဝိုင်းရွှေရည်ဦးက ပြောသည်။

“ကိုယ့်ရဲ့ဒေသနဲ့ သက်ဆိုင်ပြီး တစ်ချိန်ချိန်ကျရင် အသုံးလည်းဝင်မယ်။ စိတ်ဓာတ်တက်ကြွမှုလေးလည်း ရမယ်”ဟု ဆရာမကြီး ဒေါ်ဝိုင်းရွှေရည်ဦးက ပြောသည်။

ဓနိဖက်ထိုးပြိုင်ပွဲအပြင်  အထင်ကရ ပုဂ္ဂိုလ်များ၏ ပုံများအား ပန်းချီဆွဲပြိုင်ပွဲ နှင့် တောနောက်လယ် ကျေးရွာတွင် တည်ရှိသည့် ရှေးဟောင်းဘုရားသမိုင်း ကြောင်းအား လေ့လာခြင်း တို့ကို ဒေသသင်ရိုးအဖြစ် ထည့်သွင်း သွားမည် ဖြစ်ကြောင်း ဆရာမကြီးက ဆိုသည်။

“ရွာဓလေ့လည်းဖြစ်တော့ ပျော် ပျော်ပါးပါးနဲ့ပဲ ၀င်ပြိုင်ခဲ့ပါတယ်”ဟု န၀မတန်းကျောင်းသူ မကြည်ကြည်ဝင်း က ပြောသည်။

ဒေသသင်ရိုးဟူသည် သက်ဆိုင်ရာ ဒေသ၏ ပထ၀ီအနေအထား၊ ယဉ်ကျေး မှု၊ ဘာသာစကား၊ ဒေသထုတ်ကုန်များနှင့် ပတ်သက်ပြီး သင်ကြားသည့်သင်ရိုးဖြစ်သည်ဟု သိရသည်။

ကျွန်းစုတွင်ကျင်းပသည့် ဓနိဖက် ထိုးပြိုင်ပွဲသည် ဒေသသင်ရိုး၏ အစိတ် အပိုင်း တစ်ခုဖြစ်ကြောင်း တိုင်းပညာ ရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

 တောနောက်လယ်ကျေးရွာနေသူ အများစုမှာ အိမ်မိုး ဓနိဖက်လုပ်ငန်းကို လုပ်ကိုင်ကြသည်။

မြင့်မိုရ်(မြိတ်)