စာသင်ကျောင်းနှင့် ရပ်ကွက်ကျေးရွာ များ ကိုယ်လက်လှုပ်ရှားအားကစား ကိရိယာလိုအပ်က လျှောက်နိုင်

0
537

စာသင်ကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ကိုယ်ကာယကျန်းမာ ရေးအတွက် ပြင်ပသုံး ကိုယ်လက်လှုပ်ရှား အားကစားကိရိယာပစ်္စည်းများ လိုအပ်ပါက သက်ဆိုင်ရာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လျှောက်ထား နိုင်ကြောင်း တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။

ယင်းအားကစားပစ္စည်းကို ထားရှိ ရန်အတွက် မြေနေရာရှိရမည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန်ပြုလုပ် နေသူများရှိသည့် စာသင်ကျောင်းနှင့် ရပ်ကွက်၊ ကျေးရွာများကိုသာ ဦးစားပေး တပ်ဆင်ပေးမည်ဖြစ်ကြောင်း တိုင်းအား/ ကာမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။

“လိုချင်တာတစ်ခုပဲရှိပြီးတော့ ကစားဖို့ လူလည်း မရှိ၊ တပ်ဖို့နေရာလည်း မရှိဘူး ဆိုရင် အဆင်က မပြေပြန်ဘူး၊ အဲဒါကြောင့် မို့ လာတောင်းတဲ့လူရှိရင် ဘယ်မှာတပ်မှာ လဲဆိုတာ မေးရတယ်၊ တပ်ပြီးရင်ကော ကစားဖို့ လူရှိမှာလားဆိုတာ မေးရတယ်”ဟု ဦးမောင်မောင်မြင့်က ဆိုသည်။

ပြင်ပကိုယ်လက်လှုပ်ရှားအားကစားကိရိယာတစ်စုံလျှင် ခြေလွှဲ၍ရ သည့် ကိရိယာတစ်ခု၊ လက်လွှဲ၍ရသည့် ကိရိယာတစ်ခု၊ ခါးလှည့်၍ရသည့် ကိရိယာတစ်ခု၊ လမ်းလျှောက်၍ရသည့် ကိရိယာတစ်ခု၊ ခြေရောလက်ရောလွဲ၍ရသည့် ကိရိယာပစ္စည်းတစ်ခု ပါဝင်သည် ဟု ဦးမောင်မောင်မြင့်က ပြောသည်။

ယင်းကိရိယာတစ်စုံလျှင် ကျပ် ၁၀ သိန်းခန့် တန်ဖိုးရှိကြောင်း ၎င်းက ပြောသည်။

ယခုနှစ်တွင် ထားဝယ်မြို့နယ်အတွင်း ရှိ စာသင်ကျောင်းအချို့နှင့် ရပ်ကွက်၊ ကျေးရွာအချို့တွင် ၇ စုံခန့် တပ်ဆင်ပေး ပြီးဖြစ်ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။

တောင်းဆိုသူများ၍ ပစ္စည်းမလုံ လောက်တော့ပါက လာမည့်နှစ်တွင် တပ်ဆင်ပေးမည်ဖြစ်ကြောင်း တိုင်းအား/ ကာထံမှ သိရသည်။

Dawei Watch