တိုင်းအတွင်း ခွေးရူးကာကွယ်ဆေး တစ်လလျှင် ပျမ်းမျှ တစ်ထောင်ခန့် သုံးစွဲနေဟုဆို

0
543

တနင်္သာရီတိုင်းအတွင်း ခွေးရူးကာ ကွယ်ဆေးကို တစ်လလျှင် ပျမ်းမျှ တစ်ထောင်ခန့် အသုံးပြုနေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ တိုးချဲ့ကာကွယ်ဆေး/ကူးစက်ရောဂါနှိမ်နင်းရေးအဖွဲ့ထံမှ သိရ သည်။

ခွေးရူးကာကွယ်ဆေးများကို သက် ဆိုင်ရာမြို့နယ်ဆေးရုံများမှတစ်ဆင့် အအေး သိုလှောင်စနစ်ထားရှိသည့် တိုက်နယ်ဆေးရုံ အချို့ကိုလည်း ဖြန့်ဝေပေးထားကြောင်း အထက်ပါအဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။

ခွေးရူးကာကွယ်ဆေးများကို ဗဟို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနထံ နှစ်လတစ်ကြိမ် တောင်းခံလေ့ရှိပြီး ရရှိပါက သက်ဆိုင်ရာမြို့နယ်များကို ခွဲဝေပေးနေကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံ အများစုတွင် ၂၀၁၈ ခုနှစ်နှောင်းပိုင်းက ခွေးရူးကာကွယ်ဆေးများ ပြတ်လပ်သွား ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လတွင် အလုံအလောက် ပြန်လည်ရရှိခဲ့ကြောင်း ဒေါက်တာ မြတ်ဖြူပြာအေးက ဆိုသည်။

လက်ရှိတွင် လိုအပ်ချက်နှင့် ရရှိ နေသည့် ကာကွယ်ဆေးအနေအထားမှာ လုံလောက်သည်ဟု ဆိုနိုင်ပြီး ခွေးကိုက် ခံရသူများအနေဖြင့် ဆေးသိုလှောင်ထားသည့် ဆေးရုံများတွင် ထိုးနှံနိုင်ကြောင်း ၎င်းက ပြောသည်။

“ထိုးတဲ့သူတွေက အခငွေကြေး မပေးရဘူး”ဟု ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။

၂၀၁၉ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွက် ကာကွယ်ဆေးအလုံးရေ လေးထောင်ကျော်ကိုတောင်းခံခဲ့ဖူးပြီး လက်ရှိအချိန်တွင် ဆေးအလုံးရေနှစ် ထောင်ခန့်သာ တောင်းခံ သုံးစွဲနေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ တိုးချဲ့ကာကွယ်ဆေး/ကူးစက်ရောဂါနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။

ပြည်သူများက ခွေးရူးကာကွယ် ဆေးပြတ်လပ်နေဆဲဟု ထင်ကြသည့် အတွက် သုံးစွဲရသည့် ဆေးအလုံးရေ နည်းပါးနေသည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။

ခွေးရူးရောဂါကာကွယ်ဆေးကို ခွေးကိုက်ခံရသည့် ဒဏ်ရာအနေအထား အပေါ်မူတည်ကာ တစ်ဦးလျှင် ပျမ်းမျှ အားဖြင့် ၄ ကြိမ်အထိ ထိုးနှံရသည်။

ထားဝယ်မြို့ရှိ ပြင်ပဆေးခန်းအချို့ တွင်လည်း ခွေးရူးပြန်ရောဂါကာကွယ်  ဆေးများကို ထိုးနှံပေးနေသည်။

ကိုဇော်