ငါးဖမ်းကွက်လေလံ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော်ရ

0
714

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငါးဖမ်း လုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်း ရှိ သံလွင်မြစ်၊ အတ်္ထရံမြစ်နှင့် ဂျိုင်းမြစ် တို့တွင် ဖမ်းနေသည့် ငါးဖမ်းကွက် (ငါးဖမ်း ပိုက်ချက်)များကို လေလံတင်ရောင်းချ ခဲ့ရာ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော် ရခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနထံမှ သိရသည်။

မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်တို့ရှိ မြစ်ချောင်းများ အတွင်းရှိ ငါးဖမ်းပိုက်ကွက် ၁၁၈ ကွက် ကို ဇူလိုင်လ ၂၂ ရက်က လေလံတင် ရောင်းချခဲ့ရာ ၈၈ ကွက်မှာ လေလံအောင် မြင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

“ပိုက်ချက် ၂၀ လောက် ကျန်သေး တယ်။ အဲဒါကို ဒီလ ၂၉ ရက်မှာ အပြီးသတ် သွားမယ်” ဟု ဦးမြင့်စိုးက ပြောသည်။

အထူးတင်ဒါပိုက်ချက်များ၏ စည်းမျဉ်းစည်းကမ်းအရ တင်ဒါကို ၅ ကြိမ်ထိ ရောင်းချခွင့်ရှိကြောင်း ၎င်းက ဆိုသည်။

တင်ဒါပိုက်ချက်များအတွက် ကြမ်း ခင်းဈေး သတ်မှတ်ရာတွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က လေလံတင်ရောင်းချခဲ့သည့် ပိုက်ချက်တစ်ခုစီ၏ ရငွေမှ ၁၀ ရာခိုင်နှုန်း တိုးပြီး သတ်မှတ်ထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

လေလံဆွဲကြသည့် ငါးလုပ်ငန်းရှင်များက ပိုက်ချက်တည်နေရာကြောင့် ပြဿနာဖြစ်ပွားမှုရှိခဲ့သည့်အတွက် လေလံအောင်သွားသည့် ပိုက်ချက်များ တည်နေရာများကို မှန်မှန်ကန်ကန် မြေပြင် အမှတ်အသားနှင့် စနစ်တကျ ကွင်းဆင်း သတ်မှတ်ပေးစေလိုကြောင်း ရေလုပ်ငန်းရှင်တို့က ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ငါးဖမ်းပိုက်ချက်များ လေလံ ရောင်းချငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၈၃၀၀ ကျော် ရရှိခဲ့သည်ဟု ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနရှိ စာရင်းအရ သိရသည်။

ယဉ်စနိုင်း