ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ် မြိတ်တွင် ကျင်းပမည်

0
794

တနင်္သာရီတိုင်းအတွင်း  ပထမဆုံး အကြိမ်ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်ကို မြိတ်မြို့တွင် ယခုနှစ် အတွင်း ကျင်းပမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) ထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်ကို  အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ တို့ တွင် ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး နေရာ အတိအကျကိုမူ မသတ်မှတ်ရသေး ကြောင်း DICA ဌာန ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဒေါ်သန်းသန်းနုက ဆိုသည်။

ဖိုရမ်တွင် တိုင်းအတွင်းမှ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းနှင့်ပြည်နယ်အသီး သီးမှ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များနှင့် တိုင်း နှင့်ပြည်နယ် ၀န်ကြီးချုပ်များ တက်ရောက် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူတို့တွေနဲ့ ဒီကလုပ်ငန်းရှင်တွေ နဲ့ ချိတ်ဆက်ပေးမယ့် ပွဲလည်း ဖြစ်တယ်”ဟု ဒုတိုင်းဦးစီးမှူး ဒေါ်သန်းသန်းနုက ဆိုသည်။

အဆိုပါဖိုရမ်တွင် ရေလုပ်ငန်း၊ စိုက်ပျိုးရေး အစရှိသည့် ပြခန်းများလည်း ပါဝင်မည်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များ ကလည်း ဆွေးနွေးဟောပြောမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဖိုရမ်တွင် တိုင်းဒေသကြီးအတွက် အရေးပါသည့် သားငါးကဏ္ဍ၊ မွေးမြူရေး၊ သတ္တု တူးဖော်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍများကို ဦးစား ပေးဆွေးနွေးမည်ဖြစ် ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောဆိုထားသည်။

အထက်ပါဖိုရမ်များကို ရန်ကုန် တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ပြီးခဲ့သည့် နှစ်များက ကျင်းပခဲ့ပြီးဖြစ်ကြောင်း တိုင်း ဒေသကြီး DICA ဌာနထံမှ သိရသည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလအထိ တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ်သန်းပေါင်း ခြောက်သောင်းနီးပါးနှင့် အမေရိ ကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော်ရှိ ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကိုဇော်