သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် ဖြင့် လွတ်လာသူထံမှ စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိ

0
2149

နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်လာသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်သိန်းနီးပါးဖမ်းမိခဲ့ကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။

ဇူလိုင်လ ၂၆ ရက်က ကလွင်ကျေး ရွာအုပ်စု၊ ကလွင်ရပ်ကွက်ရှိ နှစ်ထပ် တိုက်တစ်ဆောင်တွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေသည်ဆိုသည့်သတင်း အရ သွားရောက်ရှာဖွေရာ အိမ်ခန်း အ၀င်ဝတွင် ခရီးဆောင်အိတ်ပိုက် ထားသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသား အား တွေ့ရှိခဲ့ရပြီး ယင်းအိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၉၃၀၀၀ ပြားနှင့် ICE ဟု ယူဆရသည့် အစိုင်အခဲ ၂ ကီလိုဂရမ်ခန့် တွေ့ရှိခဲ့ကြောင်း မြိတ်မြို့ မရဲစခန်းထံမှ သိရသည်။

“မူးယစ်ဆေးဝါးအမှုနဲ့ပဲ လွတ်ငြိမ်း မှာ ပြန်လွတ်လာတဲ့သူပါ”ဟု မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် ဖြင့် ယခုနှစ်အတွင်းပြန်လွတ်လာသူဖြစ် ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရ သည်။

၎င်းအား မြိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၅၉/၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ထားကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။

Dawei Watch