ငါးမဖမ်းရ ရာသီ ငါးခိုးဖမ်းမှုများ ရှိနေဟု ကော့သောင်းဒေသခံ အချို့ဆို

0
669

ကမ်းဝေးငါးဖမ်းလှေများ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ထားချိန်တွင် ကမ်းဝေးလှေကြီးအချို့ ငါးခိုးဖမ်းမှုများ ရှိနေကြောင်း ကော့သောင်းမြို့နယ် ပင်လယ်ရွာများမှ ဒေသခံအချို့က ပြောကြသည်။

ညောင်ဝိကျွန်း၊ ငမန်းကျွန်းအပြင် ဘက်၊ လန်ပိကျွန်းနှင့် ကျွန်းမဲကြီးကြား တို့တွင် ငါးဖမ်းလှေကြီးများက ညဘက် လှေမီး အကုန်ပိတ်ကာ ခေါက်တုန့် ခေါက်ပြန် ငါးဖမ်းနေကြသည်ဟု ယင်း ကျွန်းများအနီးနေထိုင်သည့် ဒေသခံအချို့က ပြောသည်။

“လှေအုပ်စုလိုက် မီးပိတ်ပြီး ငါးဆွဲ (ဖမ်း)နေကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း ကမူ ငါးခိုးဖမ်းနေသည်ကို တွေ့ရှိပါက ခိုင်လုံတိကျသည့် သက်သေအထောက် အထားဖြင့် တိုင်ကြားနိုင်ပြီး ခိုးဖမ်းသည့် နေရာ အတိအကျ သိပါက ဖမ်းဆီးနိုင်ရန် တပ်မတော်(ရေ)ကို အကြောင်းကြား အကူအညီတောင်းခံသွားမည်ဟု ပြောသည်။

“သိတဲ့သူက ဘယ်နေရာ ဘယ်နေရာ တွေမှာ ငါးဖမ်းနေတယ်ဆိုတာ တိုင်တောမှ သိမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော် တို့ ငါးလုပ်ငန်းဦးစီးဌာနက ပင်လယ်မှာ စိုးမိုးဖို့ သင်္ဘောလည်း မရှိဘူး။ သဘောင်္ နဲ့ ပတ်သက်တာလည်း မရှိဘူး။ အဲဒီတော့ နဂိုကတည်းက တပ်မတော်ရေကိုပဲ အားကိုးခဲ့တာပေါ့နော်။ မသေချာမရေရာ တဲ့ဟာကြီး သတင်းပေးလို့ မဖြစ်ဘူး”ဟု ၀န်ကြီးက ပြောသည်။

ယင်းသို့ ငါးခိုးဖမ်းနေမှုကို အထောက် အထားဖြင့် တိုင်နိုင်ရန်မှာ ညဘက်တွင် သာ ခိုးဖမ်းသဖြင့် ဓာတ်ပုံ မရိုက်နိုင်ခြင်း၊ ဓာတ်ပုံရိုက်သည်ကို တွေ့လျှင် အန္တရာယ် ပြုနိုင်ခြင်းတို့ကြောင့် အခက်အခဲရှိ ကြောင်း ဒေသခံတို့က ပြောကြသည်။

ကျွန်းစုမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းကလည်း ယင်းကိစ်္စကို ဒေသခံအချို့က လွန်ခဲ့သည့်လကတည်းက ၎င်းထံသို့ တိုင်ကြားလာမှု ရှိခဲ့သည်ဟု ပြောသည်။

ငါးခိုးဖမ်းမှုကို ဒေသခံများ အထောက် အထားရရန်မှာ အန္တရာယ်များလှပြီး ၎င်းကိုယ်တိုင် ပင်လယ်ထဲကွင်းဆင်း အထောက်အထားရယူစဉ်က လှေဖြင့် လိုက်တိုက်ကာ အန္တရာယ် ပြုခံခဲ့ရသဖြင့် ကံကောင်း၍သာ ၎င်း၏လှေ မမှောက် ခဲ့ကြောင်း ဦးဇော်ဟိန်းက ပြောသည်။

“ဒီလို(ငါးမဖမ်းရရာသီ)မျိုးအချိန် မှာ သွားလုပ်(အထောက်အထားယူ)ဖို့ မလွယ်ဘူး။ ပြည်ပလှေတွေဆို လက်နက် ပါနိုင်တယ်။ အန္တရာယ် အရမ်းကြီးတယ်။ မလွယ်နိုင်ဘူး”ဟု ဦးဇော်ဟိန်းက ပြော သည်။

ယခုနှစ် ဇွန်လမှ သြဂုတ်လအထိ မြန်မာ့ပင်လယ်ပြင်တွင် ကမ်းဝေးငါး ဖမ်းလှေများ ငါးမဖမ်းရရာသီ သတ်မှတ် ထားသည်။

Dawei Watch